ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမီး ပွိုင့်အနီး City Mart ရှေ့တွင် ယနေ့ အောက်တို ဘာလ ၁၁ ရက် နေ့လည် ၂ နာရီဝန်းကျင် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
” အသံက အုန်းကနဲဘဲတော်တော်ကျယ်တယ်။စစ်သားတစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။သွေးအိုင်ထဲလဲနေတာ မလှုပ်တော့ဘူး။အဲ့ဒီနားမှာရှိနေတဲ့ Food Panda က ကလေးတွေလည်း နည်းနည်းထိတယ်လို့သိရတယ်။” ဟု သ မိုင်းလမ်းဆုံအနီးနေထိုင်သူဒေသခံတဦးက MPA သို့ ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ သမိုင်းလမ်းဆုံအားပိတ်ဆို့ထားပြီး စစ် ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။