By Haythar /MPA
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာနှင့် ချောင်းဖျားရွာ ရေကြီးမှုကြောင့် ဒေသခံများ သေ ဆုံးမှုကို ရမည်းသင်းခရိုင် PDF ၁၀၀ကျော်သေဆုံးဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက စက်တင်ဘာ ၂၁ရက်၌ သတင်းအမှားများ ဖြန့်ဝေခဲ့သည်။
Subscriber ၃၀,၀၀၀ ကျော်ရှိသည့် “နေပြည်တော်”တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၁ရက် မွန်း လွဲပိုင်းက ရေကြီးမှုဖြစ်ပွားပြီးနောက် နုံးများနှင့် ပျက်အစီးများ စုပြုံနေသော ဓာတ်ပုံများနှင့် အတူ ရမည်း သင်းမြို့နယ် ချောင်းဖျားရွာနှင့် သပြေပင်ရွာတွင် ရေကြီးမှုကြောင့် သေဆုံးသူများသည် ရွာခံများ မဟုတ်ဘဲ ရမည်းသင်းခရိုင် PDF များဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
နေပြည်တော် တယ်လီဂရမ်ချန်နယ်၏ ရေးသားဖြန့်ဝေမှုကို စက်တင်ဘာ ၂၄ရက် ညနေ ၅နာရီအထိ ကြည့်ရှုသူ ၁၂,၀၀၀ ကျော်၊ like and react ပေးသူ ၁၆၀ ကျော်ရှိပြီး အခြားချယ်နယ်များစွာက ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
နေပြည်တော် – https://archive.ph/hdaoN
ဆင်ဖြူရှင် – https://archive.ph/uiNcJ
Truth media – https://archive.ph/vU8S2
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAက အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
နေပြည်တော်တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသော ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Media Star TV အမည်ရှိ ဖေ့ဘွတ်ခ်ပေ့ချ်က တင်ထားသည့် ဓာတ်ပုံများနှင့် ထပ် တူ ညီနေသည်။ Media Star TV ဖေ့ဘွတ်ခ်ပေ့ချ်တွင် တင်ထားသော လင့်ခ် https://shorturl.at/7qOiU
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့် အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ရမည်းသင်း ရေကြီး” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC, Mizzima, Irrawaddy သတင်းမီဒီယာ များက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာ ရေကြီးမှုကြောင့် ဒေသခံ ၈၀ ကျော် ပျောက်ဆုံးခဲ့ပြီး ရုပ်အလောင်း ၃၀ သာတွေ့ ရှိထားကြောင်း ရေးသားဖော်ပြထားသည်။ ထို့အတူ ရမည်းသင်းမြို့နယ် ချောင်းဖျားရွာတွင်လည်း ရေကြီးမှုကြောင့် ဒေသခံများပျောက်ဆုံးနေကြောင်း ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာ လင့်ခ်များ
BBC – https://shorturl.at/oMoi2
Mizzima – https://shorturl.at/jdy62
Irrawaddy – https://shorturl.at/sUpPc
သုံးသပ်ချက်
ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာနှင့် ချောင်းဖျားရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ရေကြီးမှု ကြောင့် ပျောက်ဆုံးသူနှင့်သေဆုံးသူများသည် ဒေသခံများ ဖြစ်ကြောင်း သတင်းမီဒီယာများ၌ သတင်း ဖော်ပြထားသည်။
ထို့ကြောင့် ရမည်းသင်းခရိုင် PDF ၁၀၀ကျော်ပုပ်ပွသေဆုံးဆိုသည့်သတင်းအကြောင်းအရာသည် သတင်းအမှားဖြစ်ပြီး အယောင်ဆောင်တင်ဆက်ချက် ( Imposer Content) အမျိုးအစားသတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ ပျံ့နှံ့နေသောအကြောင်းအရာများကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေးရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများ ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။