By Wadi / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာကို PDF များက မီးရှို့ဖျက်ဆီးဟု ဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၉ ရက် တွင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“People Media” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၄၇ မိနစ်တွင် “စစ်ကိုင်း တိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အနီးရှိ ကံဇီးရွာကို စစ်သွေးကြွများ မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံများ ၊ ပသစ တပ်ဖွဲ့ဝင် နှစ်ယောက်၊ ရဲတပ်ဖွဝင်တစ်ယောက်ကို ဖမ်းဆီးသွားသည်။ ကင်မွန်းတော် ရွာအတွက် စစ်ကူ ပစ်ကူလိုအပ်ကြောင်း ဆရာတော် သံဃာတော်များက ဆက်သွယ်ပြောဆိုသည်” ( မူရင်းရေးသား ချက်အတိုင်း) ဟု ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို စက်တင်ဘာ ၂၁ ရက် ညနေ ၆နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၂၆,၃၀၀ ကျော်၊ Reaction ပေးသူ ၅၀၀ကျော် ၊ မှတ်ချက်ရေးသားသူ ၁၀ ဦးကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/5ZzWq
“ပေါက်ဆရာတော်” တယ်လီဂရမ်ချန်နယ်ကလည်း စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၄၆ မိနစ်တွင် “မုံရွာ မြို၊ ချောင်းဦးမြို့နယ်၊ ကံဇီရွာ ပသစ ရွာသူ/ရွာသားများကို မီးရှိုသတ်သွား၊ ဖမ်းဆီးသွားတဲ့ အကြမ်းဖက်ရွာ တွေကို အလှကြည့်၍ အကြမ်းဖက် ပွားများအောင်လုပ်မှာလား နမခ မုံရွာတိုင်းမှူးကြီး။” ( မူရင်းရေးသား ချက်အတိုင်း) ဟု ပေါက်ဆရာတော်ပြောကြားထားသည့် ရုပ်သံဖိုင်နှင့်တကွ ဖြန့်ဝေခဲ့ရာ စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၄၅,၇၀၀ကျော်၊ Reaction ပေးသူ ၁၄၀ကျော်၊ မှတ်ချက်ရေးသားသူ ၃၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >> https://archive.ph/ZR5FT
အဆိုပါအကြောင်းအရာများကို “Snow Queen, Ye Yint Htet ( #yyh )” တယ်လီဂရမ်ချန်နယ်များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသောသတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/J3VeL
Ye Yint Htet ( #yyh ) – https://archive.ph/TrSk0
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက် >>>
တယ်လီဂရမ်တွင် ပျံနှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ချောင်းဦးမြို့နယ် ကံဇီးရွာ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, RFA, မြေလတ်အသံ” အပါအဝင် အခြား သတင်းမီဒီ ယာများ၌ သတင်း ဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၁၉ ရက်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာတွင် အထိုင် ချတပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို ချောင်းဦးအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သားနှင့်ပျူစောထီး ၁၀ ဦး သေဆုံးခဲ့ပြီး ရဲတစ်ဦးကို အရှင်ဖမ်း မိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ပျူစောထီးမိသားစုဝင် ၅၀ ခန့်ကိုလည်း ထိန်း သိမ်းထားကြောင်း၊ ကံဇီးရွာ၌ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက စ၍ ရွာအဝင်အထွက် ကန့်သတ်ပြီး စစ်ကောင်စီနှင့် ပျူစောထီးတို့ သီးသန့်တပ်စွဲထားသော ရွာဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Mizzima – https://shorturl.at/llRCs
RFA – https://shorturl.at/wbH3y
မြေလတ်အသံ – https://shorturl.at/HCBEf
Google Earth Pro တွင် ချောင်းဦးမြို့နယ် ကံဇီးရွာ၏ တည်နေရာအတိအကျကို ရှာဖွေခဲ့သည်။
ကံဇီးရွာတည်နေရာ – https://shorturl.at/kZKC0
ကံဇီးရွာတည်နေရာ လောင်ဂျီကျု လတ္တီကျု ကိုဩဒိနိတ်များဖြင့် ကမ္ဘာပေါ်ရှိ မီးလောင်မှုဖြစ်စဉ်များအား စစ်ဆေးနိုင်သည့် NASA ၏ Fire Information for Resource Management System (FIRMS) ဖြင့် စစ်ဆေးကြည့်ရာ စက်တင်ဘာ ၁၉ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် အမှတ်အသား ဖော်ပြထားခြင်း မရှိပေ။
FIRMS စစ်ဆေးတွေ့ရှိချက် >>> https://shorturl.at/oyqL5
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးများ တပ်စွဲထားသော စခန်းကို ချောင်းဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရေးသားထားသည်။၊ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီး ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ လက်နက်ခဲ ယမ်းများ ရရှိခဲ့ပြီး ပျူစောထီးမိသားစုဝင်များကိုလည်း ထိန်းသိမ်းထားကြောင်း ရေးသားထားသည်။ ကံဇီး ရွာကို မီးရှို့ဖျက်ဆီး၍ ရွာသားများကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားခြင်း မတွေ့ရပေ။
မီးလောင်မှုဖြစ်စဉ်ကို စစ်ဆေးသည့် NASA Fire Information for Resource Management System (FIRMS) တွင်လည်း ကံဇီးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သော သက်သေအထောက်အထား မတွေ့ရပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ကံဇီးရွာကို PDF များက မီးရှို့ဖျက်ဆီးပြီး၊ ရွာသားများကို မီးရှို့သတ်ဖြတ်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။