By Nway / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဆန်အိတ်၅၀၀နှင့် ကျပ်သိန်း၁၅၀ လှူဒါန်းခဲ့ကြောင်း MDY-PDF က ယနေ့ (စက်တင်ဘာ၁၉ရက်) သတင်းထုတ်ပြန်သည်။
မိုးကုတ်မြို့နယ်အတွင်းရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ ၊ ဖြူရောင်ကျေးရွာ ၊ ကျောက်တလုံးကျေးရွာ နှင့် လွယ်မွန်းကျေးရွာတိုမှ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရသော ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် ငွေသားကျပ်၅၀,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ ကျတော်တို့ အခုမှ စလှူတာတော့မဟုတ်ဘူ။ အရင်ကလည်း နောင်ချိုမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ လှူဒါန်းခဲ့ပြီးပါပြီ။ မိုးကုတ်ကိုက အခုမှ စလှူတာပေါ့။ နောက်ထပ်လှူနိုင်အောင်လည်း ကြိုးစားနေပါတယ်” ဟု MDY – PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPA ကို ပြောသည်။
MDY – PDF အစား သွားရောက်လှူဒါန်းပေးသော မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့များအား အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၄ရက်တွင် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး )နှင့် ပူးပေါင်းတပ်တို့သည် မိုးကုတ်မြို့ကို အပြီးသတ်သိမ်းယူခဲ့ကြသည်။