ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း TNLAက ယနေ့ည သတင်းထုတ်ပြန်သည်။
ယနေ့ (စက်တင်ဘာ၁၄ရက်) နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်အတွင်းရှိ ၂၀၆အမြောက်တပ်စခန်းနှင့် တောင်ခမ်းရွာရှိ ၉၀၂ တပ်စခန်းတို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့ခင်းပိုင်းတွင် မကျီးရေရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် ၃၅၄ အမြောက်တပ်စခန်း နေရာတို့တွင် စစ်တပ်က Y12လေယာဉ်ဖြင့် ဗုံး အလုံး၆၀နှင့် အေးရှားဝေါ နေရာတွင် ဂျက်ဖိုက်တာ ဖြင့် နှစ်ကြိမ် ဗုံးကြဲချခဲ့ပြီး ဟောင်ဝှစ်ဇာအမြောက်ဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း TNLA ကဆိုသည်။
ထို့အပြင် သီပေါမြို့ ခမရ ၂၃တပ်စခန်းနေရာတွင် ထောက်ပိုယာဉ် Y8 ဖြင့် လက်နက်ခဲယမ်းများ လာချသွားကြောင်း သိရသည်။


