By Ko Paing / MPA
တော်လှန်ရေးအဖွဲ့အစည်းများကြား ဟန်ချက်ညီညီ၊ နာလည်မှုရှိစွာ ပူးပေါင်းမှုသည် ပြည်သူ့မျှော်မှန်း ချက် ပန်းတိုင် သို့ရောက်ရန် နီးကပ်လာခြင်းပင် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တွဲဖက်အထွေထွေအတွင်းရေးမှူး တစ် ရဲဘော်ကျော်လင်းက ပြောသည်။
စက်တင်ဘာ၁၂ရက်တွင်အမျိုးသားညီညွတ်ရေးအစိုး NUG) နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား အပြန်အလှန်နားလည်မှုစာချွန်လွှာ ချုပ်ဆိုမှုနှင့်ပတ်သက်ပြီး ရဲဘော်ကျော်ကျော်လင်းက ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။
“တော်လှန်ရေးအဖွဲ့အစည်းတွေအကြားမှာ ဟန်ချက်ပိုညီလေ၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုရှိလေ ကျတော်တို့ လိုချင်တဲ့ ရည်မှန်းချက်အောင်မြင်ဖို့ပိုနီးလေလို့ ယုံကြည်ပါတယ်။ ပူးပေါင်း ဆောင် ရွက်မှုတွေပိုပြီး စနစ်တကျဖြစ်လာမယ်။လက်ရှိနိုင်ငံရေး စစ်ရေးလုပ်ငန်းတွေမှာလည်း အရှိန်အဟုန်မြှင့်ပိုဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုမှာ နယ်ပယ် လေးခု သဘောတူပါတယ်။နိုင်ငံရေး၊စစ်ရေး၊လူထုစည်းရုံးရေး နှင့်ဘဏ္ဏာရေး ကဏ္ဍတွေဖြစ်ပါ တယ်” ဟု ၎င်းက MPAသို့ပြောသည်။
NUGအစိုးရနှင့် ABSDFတို့အကြား အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေး ဂုဏ်သိက္ခာ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး အဖွဲ့အစည်းနှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှု တည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများတွင် အတူတကွ လက်တွဲ တိုက် ပွဲဝင် ပူးပေါင်းဆောင်ရွက် ရေးကို ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
NUGအစိုးရ စတင်ဖွဲ့စည်းသည့်အချိန်ကတည်းက ABSDF ဥက္ကဌ ကိုသံခဲတို့ ဝိုင်းဝန်းကူညီပေးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာန မှ ဌာနတာဝန်ခံ ထွန်းထွန်း(အရေးတော်ပုံတပ်သား) က ပြောသည်။
“အခုလို တရားဝင် ပူးပေါင်းလာခြင်းက တစ်ဖက်နဲ့တစ်ဖက် ခွန်အားဖြစ်စေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်း၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဘက်ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေ ထွေ အတွင်းရေးမှူး တစ် ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နှစ် ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နယ်မြေ အသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။