By Ra Wai / MPA
နေပြည်တော်တွင် ရေဘေးကြောင့် ပြည်သူ၁၉ဦး သေဆုံးကြောင့် ကနဦးသတင်းအရ သိရသည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
သေဆုံးသူများမှာ အမျိုးသမီး ၁၃ဦးနှင့် အမျိုးသားခြောက်ဦးတို့ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ကဆိုသည်။
“အခုက ရေပြန်ကျလာလို့ သေနေတဲ့သူတွေကို စတွေ့တာ။သူတို့ပြောသလို ကနဦးစာရင်းပဲ။တကယ် သေတာ နေပြည်တော်တခွင်ဆို လူ ၂၀၀ လောက်ရှိမယ်လို့ ခန့်မှန်းပြောကြတာတွေရှိတယ်။ စစ်ကောင်စီ က ကြိုပြီးတော့လည်း ဘာမှမလုပ်ပေးနိုင်ဘူး။ရေကြီးတော့လည်း ဘာမှမကယ်နိုင် ဘူး” ဟု နေပြည် တော်၊ပျဉ်းမနားမြို့ပေါ်နေ ပြည်သူတစ်ဦးကပြောသည်။
နေပြည်တော်နယ်မြေအတွင်း ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရေကြီးခြင်းဒဏ်ကို ရုတ်တရက်ခံခဲ့ရသည့် ရွာများစွာရှိပြီး တပ်ကုန်းမြို့နယ်သည် အဆိုးဆုံးခံရကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာ၁၁ရက် မနက်ပိုင်းမှစတင်ကာ နေပြည်တော်တွင် ရေဘေးကြုံခဲ့ရပြီး အိမ်များရေနစ်မြုပ် သွားသဖြင့် အိမ်ခေါင်မိုး၊သစ်ပင်၊စသည့် အမြင့်ပိုင်းနေရာများ၌ တက်နေကြရသူ မနည်းပေ။
မန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် သေဆုံးသူ ၁၇ဦး တွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက စက်တင်ဘာ၁၂ရက်၊ညနေပိုင်းထုတ်ပြန်ချက်အရ သိရပြီး ရမည်း သင်းမြို့နယ်အတွင်း ရေဘေးကြောင့်သေဆုံးသည့် အလောင်း ၂၃၀ တွေ့ရှိထားကြောင်း အတည် မပြုနိုင်သေးသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။




