By Ra Wai / MPA
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ညီမဝမ်းကွဲ ဖွင့်လှစ်ထားသော ချောင်းဆုံလောင်းကစားရုံ တွင် လူပိုမိုစည်ကားနေကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှု၊စသည့် ပြဿနာ များ ကြောင့် တိုင်းပြည်စီးပွားရေးမှာ ဇောက်ထိုးဆင်းနေသော်လည်း ချောင်းဆုံမြို့နယ်၊ကတောင်စိန်ရွာတွင် ဖွင့်လှစ်ထားသော လောင်းက စားရုံမှာမူ ယခင်ကထက် သိသာစွာ စည်ကားလာကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးဝန်ထမ်း တစ်ဦးက ပြောသည်။
“အခု လောင်းကစားဝိုင်းဖွင့်ထားတဲ့နေရာက မော်လမြိုင်နဲ့ ပိုနီးသွားတယ်။အဲဒါကြောင့် တခြားမြို့က လာတဲ့သူ ပိုများလာတယ်။ပြီးတော့လည်း ချောင်းဆုံက လူငယ်နဲ့ လူလတ်ပိုင်းတွေလည်း အလုပ်မရှိ ကြတော့ အဲဒီဝိုင်းပဲ ရောက်နေကြတာလည်း ပါတယ်။ အဲဒါကြောင့် နေ့တိုင်း လာတဲ့သူ များတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ယခင်က ယင်းလောင်းကစားရုံကို ချောင်းဆုံမြို့နယ်၊သက္ကောရွာ ရော်ဘာခြံနှင့် ကုလားဘီရွာအနီးရှိ ရော်ဘာခြံတို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် မေလဆန်း၌ ကတောင်စိန်ရွာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်နှင့်ပေါင်တို့မှ လက်ကြီးလောင်းကစားသမားများ လာရောက်ကစားကြ ကြောင်း သိရသည်။
ချောင်းဆုံလောင်းကစားရုံတွင် ကြက်ပွဲ၊အနီထောင်၊ဖဲနှင့်ဂလုတ် ဂလုတ် လောင်းကစားများရှိပြီး အ ပေါင်ဆိုင်လည်း သုံးဆိုင်ရှိကာ သောက်စားစရာ စားသောက်ဆိုင်များလည်း လောင်းကစားဝိုင်းနှင့် တွဲလျက်ရှိကြောင်း သိရသည်။
“လောင်းတာ ပိုက်ဆံကုန်သွားရင် ဖုန်း၊ရွှေ၊ဆိုင်ကယ်၊ကား အဲမှာ တစ်ခါတည်းပေါင်လို့ရတယ်။ဘီ ယာ၊အရက် စားစရာ ရတယ်။အခုနောက်ပိုင်း မော်လမြိုင်ကနေ စော်တွေ(ပြည့်တန်ဆာ)လည်း ဆင်း လာတော့ နိုင်တဲ့ကောင် တစ်ခါတည်း ပင့်သွားလို့ရသေးတယ်” ဟု ယင်းလောင်းကစားရုံအနီးနေ ကညှော်ရွာသားတစ်ဦးကပြောသည်။
အဆိုပါလောင်းကစားဝိုင်းကြောင့် ချောင်းဆုံမြို့နယ်အတွင်း ခိုးဆိုးလုယက်မှု နှင့်လူမှုရေးပြဿနာ များလာကြောင်း သိရသည်။
“ခြံပေါင်၊အိမ်ပေါင်၊ပစ္စည်းပေါင်၊လင်မယားတွေ စကားများ၊ကွဲပေါ့။တချို့ဆို ထိုင်းမှာ ကုန်းရုန်းရှာခဲ့သ မျှ လောင်းကစားဝိုင်းမှာ အကုန်ကုန်ပြီး ထိုင်းပြန်သွားရတာတွေရောပဲ” ဟု ၎င်းက ဆက်လက်ပြော သည်။
ယင်းလောင်းကစားရုံကို ၂၀၂၃ခုနှစ်မှစတင်ကာ မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ ညီမဝမ်းကွဲ ခင်ပန်းက ဖွင့်လှစ်ခြင်းဖြစ်ပြီး ချောင်းဆုံ မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၊ ချောင်းဆုံစရဖ တာဝန်ခံ(စစ် ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တပ်ကြပ်ဖြိုးမင်းထွန်းနှင့် ချောင်းဆုံပြည်ခိုင်ဖြိုးပါတီဥ က္ကဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်) မျိုးဝင်းတို့က တာဝန်ယူကြီးကြပ်ပေးထားကြောင်း ချောင်းဆုံရပ်ကျေး အုပ်ချုပ်ရေးဝန်ထမ်းက ဆိုသည်။