• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
30 May 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

32 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

နမခ တိုင်းမှူး ထိန်းသိမ်းခံရပြီး စစ်ဆေးနေစဉ် သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဖြစ်နိုင်ဖွယ်မရှိသည့်အပြင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေး လိုက်လံ စည်းရုံးနေ

MPA by MPA
Oct 6, 2021
in သတင်း
0
0
Share on FacebookShare on Twitter
[ English Below ]
By MPA
စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ဖြိုးသန့် အနေဖြင့် ၄င်းကွပ်ကဲမှုတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားအထိနာ သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသည်ဟု ဆိုကာ ၄င်း၏တာဝန်ဝတ္တရားများအား ခေတ္တဆိုင်းငံ့ခံထားရကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။
အဆိုပါ စစ်တိုင်းမှူး ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးတွင်သေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်နေခဲ့ပြီးယင်းသို့သတင်းထွက်ပေါ်မှုမှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း သိရသည်။
” ကျနော်တို့အဆင့်နဲ့တော့ ဒီဖြစ်စဉ်ကိုသေချာမသိနိုင်ဘူး။ စစ်တပ်မှာတော့ ဗိုလ်မှူးချုပ်အဆင့်ဆိုရင် သောတာပန်တည်ပြီးပြီလို့ သမှုတ်ကြတယ်။ အဲ့ဒီအဆင့်နဲ့အထက်က ဖမ်းဆီးစစ်ဆေး တယ်ဆိုတာ မရှိသလောက်ဘဲ။သူတို့(စစ်ကောင် စီ)ခိုင်းတာမလုပ်နိုင်ဘူးလို့ပြောတာ၊အမိန့်မနာခံတာ၊ပုန်ကန်တာဆိုရင် တမျိုးပေါ့။ သူကိုင်တွယ်ပုံညံ့တာတခုထဲဆိုရင် တာဝန်ရှိမှုလောက်နဲ့ ထုတ် ပယ်တာလောက်က အပြင်းထန်ဆုံးဖြစ်နိုင်တယ် ” ဟု နမခနယ်မြေအတွင်း စစ်တပ်အရာရှိတဦးက သုံးသပ်ပြောဆိုသည်။
ထို့ပြင် အဆိုပါဖြစ်စဉ်တခုလုံးတွင် စစ်တိုင်းမှူး အပြင် အဆင့်လိုက်တာဝန်ရှိပြီး ယင်းဖြစ်စဉ်မျိုး ဖြစ်ပွားပါက စစ်တိုင်းမှူး၏ လက်အောက်ရှိ အနီး ကပ်ကွပ်ကဲသည့် တပ်မမှူး၊ ဒကစမှူး၊ စကခမှူး အဆင့်ရှိသူများကိုပါ ဖမ်းဆီးလေ့ရှိ ကြောင်း သိရသည်။
“ ဒီဖြစ်စဥ်မျိုးဖြစ်လို့ သူ့မှာတာဝန်ရှိလို့ ဖမ်းဆီးတယ်ဆိုရင်တောင် သူ့အောက်မှာ ဗိုလ်မှူးချုပ် ၃ ယောက်လောက်ရှိတယ်။ တပ်မမှူး၊ ဒကစမှူး၊ စကခမှူးတွေပါ ဖမ်းဆီးထိန်းသိမ်းရမယ့်အခြေ အနေမျိုး။ ခုက သူ့ရဲ့ တိုင်းမှူးလုပ်ပိုင်ခွင့်တွေကို ဆိုင်းငံ့ပြီး ကစထမှူးတွေဝင်ကိုင်တဲ့သဘောမျိုး ။” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် နမခစစ်တိုင်းအတွင်း စစ်ဆင်ရေး များအား ကက(ကြည်း)၊ ကစထ-၁ မှူး ဒု-ဗိုလ် ချုပ်ကြီး တေဇကျော်နှင့် ကစထ-၆ မှူး ဒု-ဗိုလ် ချုပ်ကြီး သန်းလှိုင်တို့ ဦးစီး၍ ထိုးစစ်ဆင်နေ ကြောင်း သိရသည်။
နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည်အောက် တိုဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း တွေ့ဆုံပြီး လုံ ခြုံရေးအတွက် စစ်မှုထမ်းဟောင်းများ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရေး ပြောဆို၍ စည်းရုံးရေးနေကြောင်း ခေတ်သစ်သတင်းဌာနတွင် သတင်းဖော်ပြထားကြောင်း သိရသည်။
အဆိုပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်မှူးချုပ် ဖြိုးသန့် ဖမ်းဆီးထိန်းသိမ်းခံရပြီး သေဆုံးခြင်း ရှိ/မရှိအား MPAအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် စစ်တပ်ကိုတာဝန်ယူသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်တပ်အတွင်း ဗိုလ်မှူးချုပ်အဆင့် အထက်အရေးယူမှုတွင် ရခိုင်ဒေသအတွင်း ရိုဟင်ဂျာများအစုလိုက်ပစ်သတ်ခံရမှုနှင့် ပတ် သက် ၍ ရခိုင်ပြည်နယ် စစ်တိုင်းမှူးတာ ဝန်ယူခဲ့သူ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် တပ်မမှူး ၂ ဦး ထုတ်ပယ်ပြစ်ဒဏ်ဖြင့် အရေးယူခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဗိုလ်မှူးချုပ်အဆင့်အထက် ပြင်းပြင်း ထန်ထန် အရေးယူမှုတွင် ၄င်းတို့၏အမိန့်မနာခံ သည့်ဖြစ်စဥ်များသာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထပ်အတွင်း အဆင့်မြင့်တာဝန် များ ရယူခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထပ်တွင် အရေးယူခံခဲ့ရသည့် ဗိုလ်ချုပ် လွန်းမောင် နှင့် ဒု- ဗိုလ်ချုပ်ကြီး ဆန်းဆင့်ဖြစ်စဥ်မျိုးသာရှိခဲ့ကြောင်း တပ်အသိုင်းအဝိုင်းထံက သိရသည်။
#နမခ #စစ်တိုင်းမှူး #သေဆုံးမှုသတင်း #MPA
Photo – ခေတ်သစ်၊​ သလ္လာရွှေမြေ
[ English Version ]
Despite News of NaMaKha Regional Commander Dead; Far from Being True, he’s Campaigning for Forming People’s Militias
By MPA
The Northwest regional military headquarters’ major general Phyoe Thant was rumored to have been temporarily suspended from duty and held responsible as great casualties, dead and injured, have been suffered by the SAC soldiers in the areas under his supervision, according to the military community.
Rumors that the major general was arrested and died in the interrogation sessions were far from being true.
“We can’t know for sure this process with our level. In military, major general level is regarded well-established.
There’s almost no interrogation for such level. It’d be a different story if he said he didn’t want to do what the SAC asked to, to disobey, or to rebel. In terms of his poor supervision only, firing him on responsibility would be the heaviest penalty”, a military officier in naMaKha area expressed his opinion.
Plus, in this whole situation, if this kind of issues occur, those major general level commanders under the regional commander are usually arrested along with him.
“Even if this kind of issue did occur, even if he was arrested on responsibility, there are about three major generals under him. The brigade commander and other commanders would be detained too. Now, it looks like he’s been suspended from his duty and the other commander takes his place,” he continued.
Currently, the military operations in NaMaKha Sagaing area are led by KaKa (Army), lieutenant general Tay Za Kyaw of KaSaHta 1 and lieutenant general Than Hlaing of KaSaHta 6.
NaMaKha regional commander major general Phyoe Thant was described by Khit Thait Media to be lobbying the military veterans to form a people’s militia, for taking up security, in Yin Mar Pin township of Sagaing region on October 4.
MPA has not been able to confirm whether the Northwest military headquarters regional commander, major general, Phyoe Thant was arrested, died or not.
Since the coup leader senior general Min Aung Hlaing took in charge of the military in 2011, in terms of action-taking on those with major general level: Rakhine State regional commander general Maung Maung Ohn and two brigadier commanders were fired for the massacres of Rohingya people.
In addition, in terms of serious action-taking on those with chief major general position, there are only cases of rebelling their commands and only cases of general Loon Maung who took high responsibilities in senior general Than Shwe era and was taken action against in U Thein Sein government and lieutenant general San Sint, according to the military community.
#NaMaKha #RegionalCommander #DeathNews #MPA
Photo – Khit Thit, Thallar Shwe Myay
Tags: militaryMPAMyanmarNews
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

သတင်း

ပုလဲမြို့ပေါ်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၍ ၇ ဦးထိခိုက်ဒဏ်ရာရ

May 30, 2023
ပုလဲမြို့ပေါ်တွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး၍ ၇ ဦးထိခိုက်ဒဏ်ရာရ

By MPA CJ008 စစ်ကိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်တွင် ပတ်ကင်းထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်အား မေလ၊ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း M7...

Read more
by MPA
0 Comments
သတင်း

စဥ့်ကူး စစ်ရှောင်ရွာများမှ တန်ဖိုးရှိပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို စစ်တပ် ခိုးယူ

May 30, 2023
စဥ့်ကူး စစ်ရှောင်ရွာများမှ တန်ဖိုးရှိပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို စစ်တပ် ခိုးယူ

By MPA CJ023 မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ စစ်ရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်တို့ကို စစ်ကောင်စီတပ် ခိုးယူကာ ထုံးကြီးရဲစခန်းသို့ပို့ဆောင်နေကြောင်း သိရသည်။ မေလ ၂၈ ရက်နေ့ ၊နံနက်ပိုင်းမှ စ၍ စစ်ရှောင်နေရသောကြောင့် လူသူမရှိသည့် သဲအင်းကျေးရွာနှင့်ကြက်တူရွေးကျေးရွာမှ...

Read more
by MPA
0 Comments
သတင်း

စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၅ ဦးခန့် သေဆုံးဟုဆို

May 30, 2023
စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်သား ၅ ဦးခန့် သေဆုံးဟုဆို

BY MPA CJ 012 စစ်ကိုင်းတိုင်းမှ မုံရွာသို့ အပြောင်းအရွှေ့လုပ်သော စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်းများဖြင့် နှစ်ကြိမ်ခွဲကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သား ၅ ဦးခန့် သေဆုံးကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။...

Read more
by MPA
0 Comments
သတင်း

KNU ထိန်းချုပ်နယ်မြေအတွင်း နွေရာသီလူငယ်စွမ်းရည်မြှင့်စခန်းသွင်းသင်တန်း ဖွင့်လှစ်ပြီးစီး

May 30, 2023
KNU ထိန်းချုပ်နယ်မြေအတွင်း နွေရာသီလူငယ်စွမ်းရည်မြှင့်စခန်းသွင်းသင်တန်း ဖွင့်လှစ်ပြီးစီး

By MPA CJ 023 KNU ထိန်းချုပ်နယ်မြေများတွင် နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်း(Summer Youth Camp-SYC)ကို ယခုလအတွင်း အောင်မြင်စွာဖွင့်လှစ်ပြီးစီးခဲ့ကြောင်း သိရသည်။ ဧပြီလမှ စတင်၍ ကရင်လူငယ်များအစည်းရုံး(Karen Youth Organization)က ဦးဆောင်ပြီး သင်တန်းသား၃၀၀ကျော်...

Read more
by MPA
0 Comments
သတင်း

ထန်းတပင်တွင် မသန်စွမ်း အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့

May 30, 2023
ထန်းတပင်တွင် မသန်စွမ်း အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့

By MPA CJ 023 ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်း လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖမ်းဆီးသွားသော ကိုယ်အင်္ဂါမသန်စွမ်းသည့် စစ်ရှောင်အမျိုးသားကို စစ်ကောင်စီတပ်က သတ်သွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ တပ်ရင်း ၄ ရင်းပေါင်းပြီး စစ်ကြောင်းထိုးနေစဥ် စစ်ရှောင်နေသည့် ခြေတဖက်ပြတ်နေသော...

Read more
by MPA
0 Comments
သတင်း

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ၁၄၇ ကြိမ်ထိရှိလာ

May 29, 2023
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ၁၄၇ ကြိမ်ထိရှိလာ

By MPA CJ 005 စစ်တပ်၏ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ပြည်သူလူထု ၅ ဦးထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၄၇...

Read more
by MPA
0 Comments
သတင်း

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရသေးသည့်အတွက် အခကြေးငွေများ ပေးကာ ဖုန်းအားသွင်းနေရ

May 29, 2023
ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး မရသေးသည့်အတွက် အခကြေးငွေများ ပေးကာ ဖုန်းအားသွင်းနေရ

By MPA CJ 012 မိုခါမုန်တိုင်းတိုက်ခက်ပြီးနောက် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အတွက် ဖုန်းတစ်လုံးအား ငွေကျပ် ၅၀၀ မှ ထောင်ဂဏန်းအထိပေး၍ ဖုန်းအားသွင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင်...

Read more
by MPA
0 Comments
သတင်း

အဆိုတော် ဗျူဟာကို နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် မြောက်ဒဂုံတရားရုံးတွင် အမှုဖွင့်

May 29, 2023
အဆိုတော် ဗျူဟာကို နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် မြောက်ဒဂုံတရားရုံးတွင် အမှုဖွင့်

By MPA CJ 014 Hip Hop အဆိုတော် ဗျူဟာကို မြောက်ဒဂုံမြို့နယ်တရားရုံးတွင် နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။ မေလ ၂၈ရက်နေ့ နံနက်ပိုင်းက အဆိုတော် ဗျူဟာကို...

Read more
by MPA
0 Comments
သတင်း

ကလေးမြို့တောင်ပိုင်းကျေးရွာများသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်၊ ပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

May 29, 2023
ပုံစာ - (စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အား တွေ့ရစဉ်)

By MPA CJ 008 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများသို့ ကလေးမြို့စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ ကလေးမြို့မှထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မေလ ၂၇ ရက်နေ့...

Read more
by MPA
0 Comments
သတင်း

ပုလဲ စိုက်ပျိုးဧက ၂၇၀၀ကျော် ရေမြုပ်ပြီး သီးနှံများပျက်၊မိုးစပါးစိုက်ရန်ပင်ခက်ခဲနေ

May 29, 2023
ပုလဲ စိုက်ပျိုးဧက ၂၇၀၀ကျော် ရေမြုပ်ပြီး သီးနှံများပျက်၊မိုးစပါးစိုက်ရန်ပင်ခက်ခဲနေ

By MPA CJ023 စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ကျေးရွာပေါင်း ၃၄ရွာမှ လယ်ဧက ၂၇၀၀ ကျော်ရေနစ်မြုပ်ကာ သီးနှံများ ပျက်စီးပြီး မိုးစပါး စိုက်ပျိုးရန်ပင်ခက်ခဲနေကြောင်း Pale Entertainment ထံက သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ယမားဆည်၏...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (3276) Myanmar (3005) News (2530) military (600) PDF (410) SAC (409) Politics (278) Yangon (258) SagaingRegion (188) RakhineState (127) militarycoup (118) Mandalay (110) Covid_19 (103) Magway (100) Pressphoto (86)

Monthly Archive

မေ လ၊ 2023 ခုနှစ်
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In