By Ra Wai / MPA
မန္တလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးဆိုင်ရာအကြောင်းပြချက်ဖြင့် ပြည်သူများထံမှ ငွေညှစ်ခြင်းကိုသာ အငမ်းမရလုပ်ဆောင်နေကြကြောင်း သိရသည်။
မန္တလေးမြို့ပေါ်တွင် PDF တို့၏ ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားသည့်အချိန်တိုင်းတွင် အခင်းဖြစ် ပွားရာနေရာဝန်းကျင်၌ ပိတ်ဆို့စစ်ဆေးခြင်းကို စစ်ကောင်စီတပ်က တာဝန်အရ ဟန်ပြလုပ်ဆောင် ခြင်းသာရှိကြောင်း မန္တလေးမြို့အခြေစိုက်စစ်ကောင်စီအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
“လုံခြုံရေးဆိုတာ ဟန်ပြ၊ အသက်မသေရေးဟာ အဓိကပဲ။ပြီးတော့ မိုးရွာတုန်း ရေခံမယ်ဆိုပြီး ပြည် သူတွေကို စစ်ဆေးတဲ့နေရာမှာ ပက်ပက်စက်စက်ငွေညှစ်ကြတယ်။ငွေလည်း ရကြတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
မန္တလေးမြို့တွင်းရှိ လုံခြုံရေးအရဟုဆိုကာ လှည့်လည်စစ်ဆေးနေသော စစ်သားနှင့်ရဲတို့မှာ နေ့စဉ် တစ်ဦးလျှင် ကျပ်တစ်သိန်းကျော် ရကြကြောင်း သိရသည်။
“တစ်သိန်းကျော်ဆိုတာ သူတို့အထက်အရာရှိကို ခွဲတမ်းပေးပြီးသား။ကျတော်သိရသလောက် ဘာမှ မရဘူးဆိုတဲ့နေ့တောင် တစ်ယောက် လေး၊ငါးသောင်းကျန်တယ်။ဒါပေမဲ့၊သူတို့စကားနဲ့ပြောရရင် အ သက်နဲ့ရင်းပြီး ရှာရတယ်ပေါ့။အချိန်မရွေး PDF လာပစ်တာ ခံရနိုင်တာကိုး” ဟု ၎င်းက ဆက်လက် ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ငွေရရှိရေးကိုသာ အဓိက အာရုံစိုက်ကြသောကြောင့် မန္တလေးမြို့ တွင်းသို့ PDF တို့ အလွယ်တကူဝင်ထွက်နိုင်နေကြောင်း သိရသည်။
“ကျတော်တို့ ကြားဖူးသလောက်ဆိုရင် မန္တလေးမှာ PDF တွေ ဝင်ပစ်နေတာ အကြိမ်ကြိမ်ဆိုပေမဲ့ ပစ် ပြီးတာနဲ့ ချက်ချင်းဖမ်းမိတယ်ဆိုတာမျိုး မကြားဖူးဘူး။စစ်သားတွေက သူတို့အသေခံပြီး ဘာမှမလုပ် ဘူး။အသေခံပြီးတော့ပဲ ငွေရှာနေတာ” ဟု ချမ်းမြသာစည်မြို့နယ်နေပြည်သူ တစ်ဦးကပြောသည်။
စက်တင်ဘာ သုံးရက်၊ နံနက် လေးနာရီကျော်က မန္တလေးမြို့၊နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် ( လပခ ) ကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ (မမ) ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်
ခဲ့ရာ ခုနှစ်လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ဒုချုပ်စိုးဝင်း၏ ကိုယ်ရေးအရာရှိအပါအဝင် စုစုပေါင်း ခုနှစ်ဦးသေဆုံး ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရသည်။