ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
စက်တင်ဘာတစ်ရက်၊ နံနက် ကိုးနာရီခန့်တွင် စယ်လန့်ရွာရှိ အိမ်တစ်အိမ်၌ ဘုရားမီးပူဇော်ထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀နာရီ၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း TNLA က ယနေ့ (စက်တင်ဘာလေးရက်)ည သတင်းထုတ်ပြန်သည်။
မီးလောင်စဥ် ၎င်းအိမ်အတွင်း၌ အဘွားအိုတစ်ဦးသာရှိနေကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် နေအိမ်နှစ်လုံး၊ကားငါးစီး၊ဆိုင်ကယ်သုံးစီးနှင့် အိမ်တွင်းရှိ ပစ္စည်းများ ပျက် စီး ဆုံးရှုံးခဲ့သည်။
ယင်းမီးလောင်မှုကို TNLA မီးသတ်တပ်ဖွဲ့က ဦးဆောင်ကာ နောင်မော်၊ မန်ဝိန်း၊ စွမ်စော်၊ ပန်ခမ်းနှင့် တိန်လုံးကျေးရွာရှိ မီးသတ်ကားများနှင့် ပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့သည်။