By Haythar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် လေကြောင်းတိုက်ခိုက်ခံခဲ့ရ၍ လူထိခိုက်သေဆုံးမှုမရှိသော်လည်း TNLA နှင့် PDF အများပြားသေဆုံး ဟုဆိုသည့် သတင်းအမှား ၂၀၂၄ သြဂုတ် ၃၁ရက် နံနက်ပိုင်းက စစ် ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့နေသည်။
Subscriber ၁၀၀၀၀ ကျော်ရှိသည့် Mawshan Myay Media က ဓာတ်ပုံနှင့်တကွ “ တောင်ခမ်းဘက်ကို စစ်ကူလာဖို လားရှိးမှာ နမ့်ခမ့်၊ မန်တုံ၊ နမ္မတူဘက်က TNLA အဖွဲတွေ ရောက်ရှိခိုအောင်းနေကြောင်း သတင်း ရလို စကစတပ်က သြဂုတ်လ ၃၀ ရက်နေ့ညတွင် ဗုံးကြဲတိုက်ခိုက်ခဲ့လို TNLA/PDF အများအပြား သေဆုံးခဲ့တယ်လို ဒေသတွင်း သတင်းများအရ သိရ” ဟု(မူရင်းရေးသားချက်) သြဂုတ် ၃၁ရက် နံနက်ပိုင်း က ရေးသားဖော်ပြထားသည်။
Mawshan Myay Media ၏ဖော်ပြချက်ကို အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
Mawshan Myay Media – https://archive.ph/lWLeL
Min Din – https://archive.ph/oBLVL
ရွေနေကြာ – https://archive.ph/y86ne
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Mawshan Myay Media တယ်လီဂရမ်ချန်နယ်က ဖော်ပြထားသည့် ဓာတ်ပုံများကို Google Reverse Image Search ဖြင့်ရှာဖွေရာ BBC သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံများနှင့်ထပ်တူညီ ကြောင်း တွေ့ရသည်။
Google တွင် “လာားရှိုးမြို့ ဗုံးကြဲ”ဆိုသည့် စာသား ဖြင့်ရှာဖွေကြည့်ရာ BBC / RFA/ Shwe Phee Myay နှင့် Freedom Youth Volunteer -FYV မှ ဖော်ပြထားသည်ကိုတွေ့ရသည်။
သတင်းမီဒီယာများတွင် လားရှိုးမြို့ကို စစ်ကောင်စီတပ်က သြဂုတ် ၃၀ ရက်ညပိုင်း၌ လေကြောင်းက ဗုံး ကြဲချခဲ့တာကြောင့် အမှတ် ၈ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းတို့အပေါ် ကျရောက် ပေါက် ကွဲခဲ့ပြီး ကျောင်းအဆောက်အဦး၊ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်းရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC https://shorturl.at/EQt2V
RFAhttps://shorturl.at/OZ5rn
Shwe Phee Myay News Agency https://shorturl.at/iGaeA
Freedom Youth Volunteer https://shorturl.at/Wnmnv
သုံးသပ်ချက်
လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ် မှန်ကန်ပြီး ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ကျောင်းအဆောက်ဦးနှင့် နေအိမ် အချို့သာ ပျက်စီးခဲ့ကြောင်း သတင်းမီဒီယာများ၌ ရေးသားဖော်ပြထားတာ တွေ့ရသည်။
ထို့ကြောင့် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြထားသော လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲမှုကြောင့် TNLA နှင့် PDF များ သေဆုံးဟု ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုရေးသားဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင် သည်။