By Ko Paing / MPA
မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ လမ်းပွင့်သွားခြင်းမှာ တော်လှန်ရေးအတွက် အရွေ့ တစ်ခုဖြစ်ကြောင်း ပြင်ဦးလွင်အခြေစိုက် PDFတပ်ရင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးတိုင်း၊စဥ့်ကူးနှင့်ရှမ်းမြောက်၊မိုးကုတ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စခန်းအားလုံး ကင်းစင်သွားပြီဖြစ်၍ နေ့ချင်းပြန်သွားလို့ရပြီဖြစ်ကြောင်း MDY-PDF မှ ကိုအော်စမွန် ကပြောသည်။
“အခုလိုလမ်းပွင့်တာက ကျနော်တို့ တော်လှန်ရေးအတွက် အရွေ့တစ်ခုဖြစ်မှာပါ။ဘာကြောင့်လဲဆို လက်နက်စီးဆင်းမှုကအစ ရှမ်းမြောက်ကိုပဲ မှီခိုနေရတာပါ” ဟု ပြင်ဦးလွင်အခြေစိုက် အမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးတိုင်းမှ ရှမ်းမြောက်သို့ နေ့ချင်းပြန်တက်ကာ ရှမ်းခေါက်ဆွဲစား၍ ရပြီဖြစ်ကြောင်း MDY-PDFက ဩဂုတ်၂၈ရက်၌ ထုတ်ပြန်ထားသည်။
မန္တလေးမှ နေပြည်တော်သို့လည်း မဝေးတော့သည်မှာ အသေအချာဖြစ်ကြောင်းမဝေးကွာတော့သည့် ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသော စစ်သည်၊ စစ်မေများနှင့်ကိုယ်လက်အင်္ဂါစွန့်လွှတ် လှူဒါန်း သွားသော စစ်သည်၊ စစ်မေများကို ဦးညွှတ် ဂုဏ်ပြုလျက်ရှိကြောင်း MDY-PDF ကဆိုသည်။