စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ရှိ စစ်ကောင် စီ၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး၏သက်သေခံပစ္စည်း ထားရှိရာ ရုံးအမှတ်(၄၅) ရုံးခွဲအတွင်း ယနေ့ အောက်တိုဘာလ ၅ ရက် ညနေ ၄နာရီ၃၀မိနစ်ဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သက်သေခံအဖြစ်စစ်ဆေးရန် ပေးပို့လာသည့် မိုင်းမှ အသက်ဝင်၍ ပေါက်ကွဲခြင်းဖြစ်ပြီး အ ဆိုပါဌာနမှ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာပြင်းထန်ရရှိ ခဲ့ ကြောင်း သိရသည်။
” မိုင်းထောင်သွားတာ ပစ်သွားတာ မဟုတ်ဘူး။ သက်သေခံအဖြစ်သိမ်းပြီးစစ်ဆေးရမယ့် မိုင်း။ စစ်နေတုန်း ထကွဲသွားတာ။” ဟု နေပြည်တော် ရဲတပ်ဖွဲ့ ဝင်တဦးက MPAသို့ပြောသည်။
ယနေ့ နေ့လည်ပိုင်းတွင်လည်း စစ်ကောင်စီလက် အောက်ရှိ ဝန်ကြီးဌာနတခု၏ ဝန်ထမ်း ကြို/ ပို့ ယာဥ်တစီး ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။