By Haythar / MPA
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဦးကင်းကြည်ကျေးရွာတွင် စစ်ကောင်စီတပ်က PDF ခေါင်းဆောင်ကို အရှင် ဖမ်းဆီး၍ PDF သုံးဦးကို ပစ်သတ်ဟု ဆိုသည့်သတင်းအမှားများ သြဂုတ် ၂၅ရက်က တယ်လီဂရမ်ချန်နယ် များ၌ ပျံ့နှံ့ခဲ့သည်။
Subscriber ၇၀၀၀၀ ကျော်ရှိ “PAN” တယ်လီဂရမ်ချန်နယ်က “စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည် သူ့စစ်လုံခြုံစခန်းများသို့ ရိပ်ခါနှင့်လက်နက်ခဲယမ်းများထောက်ပံ့ပို့ဆောင်သော လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်း လင်းရေးလုပ်ဆောင်ရာ ဦးကင်းကြည်ကျေးရွာအတွင်း အကြမ်းဖက် PDFအဖွဲ့များရှိကြောင်းသတင်းအရ ဝင် ရောက်ရှင်းလင်းရာ ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ ယင်းထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ ဝင် များထိခိုက်မှုမရှိပဲ အကြမ်းဖက်PDFခေါင်းဆောင်ဖြစ်သူ ၁ ဦးကိုအရှင်ဖမ်းမိကာ အကြမ်းဖက်PDF အလောင်း ၃ လောင်းအသေပစ်ခတ်ဖမ်းဆီးရမိကြောင်းသိရပါသည်” ဟု (မူရင်းရေးသားချက်အတိုင်း) သြဂုတ် ၂၅ရက် ညပိုင်းကရေးသားဖော်ပြထားသည်။
PAN တယ်လီဂရမ်ချန်နယ်က ရေးသားဖော်ပြချက်အား ဩဂုတ် ၂၈ရက် နံနက် ၁၁နာရီအထိ ကြည့်ရှူသူ ၁၇၇၀၀ ကျော်၊ like and react လုပ်သူ ၃၈၀ကျော်ရှိပြီး အခြားချန်နယ်များစွာက ကူးယူဖော်ပြထားသည်။
သတင်းအမှားလင့်ခ်များ
PAN – https://archive.ph/riQsc
Min Din- https://archive.ph/B0qao
တမာမြေ- https://archive.ph/x6JIS
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ် ဖော်ထုတ်နိုင်ခဲ့သည်
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့် အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ကန့်ဘလူ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ DVB,Myanmar Now နှင့် RFA သတင်းမီဒီယာများ၌ ရေးသားဖော်ပြ ထားသည်။
သတင်းမီဒီယာများတွင် ဦးကင်းကြည်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ပြည်သူများကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအတွင်းရှိ နေအိမ် ၁၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းရေးသားဖော်ပြထားကြသည်။
စစ်ကောင်စီတပ် သတ်ဖြတ်ခြင်းခံရသူများထဲတွင် စိတ်ကျန်းမာရေးမကောာင်းသူတစ်ဦး ပါဝင်ပြီး အသက် ၅၀ အရွယ် ဦးမောင်ငွေကိုလည်း စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့ကြောင်း ရေးသားဖော်ပြထားကြ သည်။
သတင်းမီဒီယာလင့်ခ်များ
DVB – https://shorturl.at/5asDC
Myanmar Now – https://shorturl.at/IqIhK
RFA – https://shorturl.at/IqIhK
သုံးသပ်ချက်
ကန့်ဘလူမြို့ ဦးကင်းကြည်ရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်၍ ပြည်သူသုံးဦးကို ပစ်သတ်ပြီးနောက် ကျေးရွာရှိနေအိမ်များအား မီးရှို့ခဲ့သည့်အပြင် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီတပ်၏ ပစ်သတ်ဖမ်းဆီးခံရသူများသည် PDF များမဟုတ်ဘဲ အရပ်သားပြည်သူများဖြစ်သည်ဟု သတင်းအချက်လက်များကို အဆင့်ဆင့်စိစစ်ရေးသားဖော်ပြနေသည့်သတင်းမီဒီယာများတွင် တွေ့ရှိရသည်။
ဒါကြောင့်ဦးကင်းကြည်ရွာတွင် ပစ်သတ်ခံရပြီး ဖမ်းဆီးခံထားရသူများသည် PDF ဟု ဆိုသည့် အကြောင်းအရာ သည် သတင်းအမှား ဖြစ်သည်။
အထက်ဖော်ပြပါအချက်အလက်စစ်ဆေးမှုများသည် ဩဂုတ် ၂၈ရက် နံနက် ၁၁နာရီအထိ အချက်အလက်စစ် ဆေးမှုများဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPA က အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။