By Bala / MPA
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ ၄၃၅-၄၃၆ တပ်ရင်းကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၆ ရက်၊ ည ခုနှစ်နာရီကျော်တွင် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိကြောင်း Operation Flame (OF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ အသုံးပြုတာက အဝေးထိန်း နှစ်လုံးအသုံးပြုခဲ့ပါတယ်။ နှစ်လုံးစလုံး အဝင်မိန်းဂိတ်ကို ချတာပါ။ တစ်လုံးက ခေါ်တာ၊ တစ်လုံးက သူတို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ဝင်းထဲကလာအကြည့်ကို ခွဲတာပါ။ ထိခိုက်မှုရှိပေမယ့် မြေပြင်အနေအထား ထပ်မသိရသေးပါဘူး” ဟု ၎င်းက MPA သို့ ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်က မရမ်းကုန်းမြို့နယ်အတွင်း စစ်ဆေးခြင်းများ မလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။