By Haythar / MPA
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ် ပစ်သတ်ခံရ၍ သေဆုံးခဲ့သော ပြည်သူနှစ်ဦးကို PDF ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သြဂုတ် ၂၂ရက်တွင် သတင်းအမှားများ ဖြန့်ဝေထားသည်။
Subscriber ၂၄၀၀၀ ကျော်ရှိသည့် “Truth Media” တယ်လီဂရမ်ချန်နယ်က သြဂုတ် ၂၂ရက် ညပိုင်းတွင် “ယနေ့ဩဂုတ်၂၂ ရက် နံနက်ချောင်းဦးမြိုနယ် ချောင်းဦး- ပခုက္ကူလမ်းခွဲတစ်နေရာတွင် ခြေ၊လက်များ ကြိုး တုပ်အမျိုးသားပဒက်အလောင်းတစ်လောင်းအား လာရောက်စွန့်ပစ်ခံရကြောင်းပြောသည်။ ချောင်းဦးမြို့မဈေးအရှေ့ဘက်တွင်ပဒက်မဇာခြည်ဦး၂၄နှစ်ဆိုသူတားဆီးပိတ်ပင်ထားတဲ့နေရာကိုခိုးဝင် ရောက်တာကြောင့်အဖမ်းခံထားရတဲ့အချိန်ထွက်ပြေးတဲ့အခါမှာအသေပစ်ခံလိုက်ရတာဟုချောင်းဦးဒေသခံတစ်ဦးက ပြောသည်” ( မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖော်ပြထားသည်။
Truth Media တယ်လီဂရမ်ချန်နယ်၏ ရေးသားချက်ကို သြဂုတ် ၂၃ရက် ည ၇နာရီအထိ ကြည့်ရှုသူ ၆၀၀၀ ကျော်၊ like and react ပေးသူ ၁၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြထား ကြသည်။
သတင်းအမှားလင့်ခ်များ
Truth Media – https://shorturl.at/DbPpb
52 News – https://archive.ph/fTk9s
တမာမြေ – https://archive.ph/0O6EF
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်….
Google တွင် “ချောင်းဦး” ဆိုသည့် စာသားဖြင့်ရှာကြည့်ရာ DVB / People Spring နှင့် Mandalay Free Press သတင်းမီဒီယာတို့တွင် ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စစ်ကောင်စီတပ်က အသက် ၂၅ ဝန်းကျင်အမျိုးသားတစ်ဦးကို ပခုက္ကူချောင်းဦး လမ်းခွဲတနေရာ၌ ပစ်သတ်ပြီး ရုပ်အလောင်းကိုလမ်းဘေး၌ ပစ်ထားကြောင်း၊ နွယ်ခွေကျေးရွာတွင် နေထိုင် သော အသက် ၂၄နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ချောင်းဦးမြို့ မစျေးအရှေ့ဘက်၌ ပစ်သတ်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာ လင့်ခ်များ
DVB – https://shorturl.at/yIBTG
People Spring – https://shorturl.at/SIuC9
Mandalay Free Press – MFP – https://shorturl.at/yiK1q
သုံးသပ်ချက်
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံခဲ့ရသူ နှစ်ဦးသည် PDF များမဟုတ်ဘဲ ပြည်သူ များဖြစ်ကြောင်း သတင်းအချက်လက်များကို အဆင့်ဆင့်အတည်ပြုစိစစ်ရေးသား နေသည့်သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့နေသော အသတ်ခံရသူနှစ်ဦးသည် PDF များဟု ဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍