စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ထိန်းချုပ်နယ်မြေ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း(ယောဒေသ) နှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးစီး၍ အောက် တိုဘာလ ၉ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက် ခိုက်မှုများ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီဘက်မှအထိနာနေသည့် အဆိုပါ ဒေ သများတွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဌာန-အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ -၆)မှူးအဖြစ်တာဝန်ယူထားသူ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်မှ ကွပ်ကဲကြပ်မတ်သွားမည်ဖြစ် ကြောင်း သိရသည်။
” ပြီးခဲ့တဲ့ရက်က ဗိုလ်ချုပ်ကြီး သန်းလှိုင်ဦးစီးပြီး အစည်းအဝေးလုပ်တယ်။ လက်ရှိ တိုင်းမှူးက ဒီအတိုင်းဆက်ရှိ/မရှိတော့မသိဘူး။ ဒီဘက်တွေမှာ အထိနာအကျဆုံးများနေလို့ ပြန်ဖိဖို့လုပ်နေတာ။” ဟု တပ်တွင်းသတင်းရင်းမြစ်တဦးက MPA သို့ပြောသည်။
အဆိုပါဒေသများသို့ စစ်အင်အားဖြည့်တင်းမှု များပြုလုပ်နေပြီး သံချပ်ကာ ကားများ၊ တင့်ကားများလည်း ပို့ဆောင်ထားကြောင်း သိရသည်။
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် ယခင်က အ နောက်မြောက်တိုင်းမှူးတာဝန်ယူခဲ့သူဖြစ်ပြီး ထိုမှတဆင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကစထ -၆ ကစထမှူးနှင့် ရဲချုပ်တာဝန် ပူးတွဲရယူထားသူဖြစ်သည်။
အဆိုပါဒေသများသည် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့်ရဲများ CDMပြုလုပ်မှုများ များပြားနေပြီး ပြီးခဲ့သည့်စက်တင်ဘာလအတွင်း CDMပြု လုပ်သည့် ရဲနှင့်စစ်သား ၅၀ ဦးခန့်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီဘက်မှ အထိနာနေသည့် အဆိုပါဒေသများသို့ စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီး စိုးထွဋ်လာရောက်ကာ ၄င်း၏ရဲ တပ်ဖွဲ့ဝင်များ CDMမပြုလုပ်ရန် စည်းရုံးဟော ပြောခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များဖြင့် ၅လအကြာ အပစ်ရပ်သက် တမ်းတိုးကြောင်း ကြေငြာပြီးနောက် PDFတပ်ဖွဲ့ များအင်အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ချင်း ပြည်နယ်၊ မကွေးတိုင်း(ယောဒေသ)၊ ကယား ပြည်နယ်ဒေသများသို့ စစ်အင်အားတိုးချဲ့ ထိုး စစ်ဆင်မှုများ ပြုလုပ်လာကြောင်း သိရသည်။