By Wadi / MPA
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ နောင်မွန်ကျေးရွာတွင် MNDAA အဖွဲ့က တစ်အိမ် တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းခိုင်းလျက်ရှိပြီး တစ်အိမ်လျှင် ငွေကျပ် ခုနှစ်သိန်း ကောက်ခံနေဆိုသည့် သတင်းအမှား ဩဂုတ် ၂၀ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“ရန်သူလှုပ်ရှားမှုသတင်းများ” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၂၀ ရက် ၊ နေ့လည် ၁၂ နာရီ ၄၉ မိနစ်တွင် “ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးအထွက် နောင်မွန်ကျေးရွာမှာ အကြမ်းဖက် MNDAA က တအိမ်တ ယောက် မဖြစ်မနေ သူတို တပ်ထဲဝင်ရောက် စစ်မှုထမ်းဆောင်ခိုင်းပြီ တပ်သားသစ်တွေအတွက် ထောက် ပံ့ကြေး ၁အိမ် ၇၀၀,၀၀၀ သိန်းကျပ် ကောက်ယူနေပြီး သားမရှိတဲ့ နေအိမ်တွေမှာ ဖခင်ဖြစ်သူက ဆောင်နေ ရတယ်လို ဒေသခံတွေက ပြောပါတယ်” (မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖြန့်ဝေခဲ့ရာ ဩဂုတ် ၂၀ ရက် ညနေ ၆နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၆,၈၀၀ကျော်၊ Like and react ပေးသူ ၃၃၀ကျော်အထိရှိ သည်။
မူရင်းသတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.md/BDABG
အဆိုပါသတင်းအမှားကို “ရှမ်းပြည်နယ်သတင်းစုံ၊ Kyaw Swar ၊ Ye’ Ba Nyein” တယ်လီဂရမ်ချန်နယ် များအပြင် အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသောသတင်းအမှားလင့်ခ်များ >>>
ရှမ်းပြည်နယ်သတင်းစုံ – https://archive.md/OAJBZ
Kyaw Swar – https://archive.md/H12tt
Ye’Ba Nyein – https://archive.md/63UJ7
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က သတင်းအချက်အလက် စစ်ဆေးခဲ့ရာ သတင်း အမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာကို အချက်အလက် မှန် မမှန် စစ်ဆေးရန် Google တွင် “MNDAA တပ်သားသစ်စုဆောင်း” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်သည့်အခါ “The Irrawaddy” နှင့် “Tachileik News Agency” တို့တွင် သတင်းဖော်ပြထားသည်။
အဆိုပါ သတင်းမီဒီယာများတွင် ဩဂုတ် ၁၈ ရက်တွင် MNDAA ၏ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီအဖွဲ့က လားရှိုးမြို့ရှိ ရပ်ကွက်များတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် MNDAA အနေဖြင့် စစ်မှုမထမ်းမနေရ၊ စားနပ်ရိက္ခာပေးဆောင်ခြင်းနှင့် လူငယ်စုဆောင်းခြင်းများ လုံးဝ မရှိကြောင်းကို ပြည်သူများကို အသိပေးခဲ့ကြောင်း၊ အချို့လူများက မလိုလားအပ်သော ကောလာဟလ များကို ဖြန့်ဝေနေခြင်းအား လူထုက နားထောင်ရန်မလိုအပ်သည့်အပြင် MNDAA တပ်များကိုလည်း ကြောက်စရာမလိုဟု ပြောဆိုခဲ့ကြောင်း၊ လားရှိုးဒေသခံများက မှုခင်းများကို တိုင်ကြားပေးရန်နှင့် မြို့လုံခြုံ ရေးလုပ်ငန်းများကို ပူးပေါင်းပေးပါရန် ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
The Irrawaddy – https://shorturl.at/107v4
Tachileik News Agency – https://shorturl.at/vW7KW
လားရှိုးဧရိယာ စစ်အုပ်ချုပ်ရေးကော်မတီ၏ လူထုလုပ်ငန်းအဖွဲ့သည် လားရှိုးမြို့နှင့်ပတ်သက်သည့် အထူး ဒေသ(၁)၏ လက်ရှိမူဝါဒများကို ပြည်သူများ ပိုမိုနားလည် သဘောပေါက်လာစေရန်နှင့် ပြည်သူတို့၏ ပြ ဿနာများကို ဖြေရှင်းပေးနိုင်ရန် ပြည်သူများအကြား ပူးပေါင်းပါဝင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လားရှိုးမြို့ လူထုတွေ့ဆုံပွဲများ ကျင်းပခဲ့သည်ဟူ၍ ကိုးကန့်သတင်းကွန်ရက်၏ဖေ့ဘွတ်ခ်စာမျက်နှာ၌ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/0oCrX
သုံးသပ်ချက်
လားရှိုးမြို့တွင် စစ်မှုမထမ်းမနေရ၊ စားနပ်ရိက္ခာပေးဆောင်ရခြင်းနှင့် လူငယ်စုဆောင်းခြင်းများ လုံးဝမရှိ ကြောင်း MNDAA ၏ လူထုတွေ့ဆုံပွဲ၌ တရားဝင်ပြောကြားမှုအား မီဒီယာများ၌ ရေးသားထားကြသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “MNDAA က တစ်အိမ် တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းခိုင်း” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အတည်ပြု ဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ထို့အပြင် ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက် အလက် စစ်ဆေးရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှု့ရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။