By Wadi / MPA
ဒီပဲယင်းမြို့သို့ ဝင်ရောက်တိုက်ခိုက်သော PDF တပ်ဖွဲ့ဝင် ၇၀၀ ကျော် သေဆုံးဆိုသည့် သတင်းအမှား ဩ ဂုတ် ၁၉ ရက်တွင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“ရန်သူလှုပ်ရှားမှု သတင်းများ” ဆိုသည့် တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် “ဒီပဲယင်းကို လာတိုက်တဲ့ ပဒက် ၇၀၀ ကျော် အကုန်ပြောင်ပဲ လက်နက်ချသူကချ အားရတယ် ဆော်ချက်က” ( မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖြန့်ဝေခဲ့ရာ ဩဂုတ် ၂၀ ရက် မွန်းလွဲ ၃နာရီအထိ ၁၁ နာရီအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ ၄၉,၀၀၀ ကျော်၊ Like and react ပေးသူ ၁၀၀၀ကျော် ရှိသည်။
မူရင်းသတင်းအမှားတင်ထားသော့လင့်ခ် >>> https://archive.ph/3GRc9
အဆိုပါသတင်းအမှားကို “Ko Thet ၊ BAK24News ၊ နောင်ရိုးဟစ်တိုင်၊ ကိုနှင်းမောင်” အမည်ရှိ တယ်လီ ဂရမ်ချန်နယ်များက ထပ်ဆင့်ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/tDspt
BAK24News – https://archive.ph/W8HNf
နောင်ရိုးဟစ်တိုင်- https://archive.ph/ezdUG
ကိုနှင်းမောင် – https://archive.ph/LDFcw
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးရာ သတင်း အမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာကို အချက်အလက် မှန် မှန် စစ်ဆေးရန်အတွက် Google တွင် “ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ” ဆိုသည့် စာသား Keyword ဖြင့် ရှာဖွေကြည့်ရာ “People’s Spring” နှင့် “Kachin Waves” မီဒီယာများ၌ သတင်းရေးသားထားသည်။
ဩဂုတ် ၁၈ ရက် People’s Spring သတင်းမီဒီယာ၌ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး ၂၀ ခန့်သေဆုံးပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/QNRDq
ဩဂုတ် ၁၈ ရက် Kachin Waves သတင်းမီဒီယာ၌ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ချိန်တွင် ပျူစောထီးအဖွဲ့ဝင် ၁၀၀ ကျော် အလံဖြူထောင်ခဲ့ကြောင်း၊ ရွှေဘိုခရိုင်တပ်ရင်း (၆) က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/tuuS6
ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သော် လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကူလူအင်အားများစွာသုံး၍ မြို့တွင်းသို့ ပြန်လည် ဝင်ရောက်နေရာယူမှုကြောင့် ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာ ပေးခဲ့ရကြောင်း သတင်းမီဒီယာများ၌ ဖော်ပြထားကြသည်။
သုံးသပ်ချက်
ဒီပဲယင်းမြို့တိုက်ပွဲအတွင်း PDF ကျဆုံးအရေအတွက်နှင့်ပတ်သက်၍ “People’s Spring” တွင် နှစ်ဦး၊ “Kachinwaves” တွင် တစ်ဦး ကျဆုံးကြောင်း ရေးသားဖော်ပြထားသည်။ PDF များ လက်နက်ချကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားခြင်း မရှိပေ။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “PDF ၇၀၀ ကျော် သေဆုံး” ဆိုသည့် အကြောင်း အရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အတည်ပြု ဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ထို့အပြင် ဆိုရှယ်မီဒီယာများပေါ်တွင် သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက် အလက် စစ်ဆေးရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။