လက်နက်နှင့် အလင်းဝင်လာသည့် စစ်သားတစ်ဦးကို ကျပ်သိန်း၆၀ ချီးမြှင့်ခဲ့ကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ခလရ၂၆၈ တပ်ရင်းမှ တပ်သားဇင်မျိုးအောင်သည် MA1 သေနတ်တစ် လက်၊ကျည်ဆန်၁၅၀၊အီနာဂါဗုံးသီး လေးလုံး ယူဆောင်လာကာ CNO/CNDF ထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ခလရ၂၆၈ တပ်ရင်းမှ လက်နက်နှင့်တကွ အလင်းဝင်လာသည့် ဒုတပ်ကြပ်မိုးဇက်ကို CNO/CNDF က ကျပ်သိန်း၈၀ ချီးမြှင့်ခဲ့သေးသည်။