By Nway / MPA
ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ကာ MI 17ရဟတ်ယာဉ် ဖြင့် စစ်သားများ ချသွားကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၁၈ရက်) မွန်းလွဲ ၁၂နာရီခွဲခန့်က ဒီပဲယင်းမြို့ပေါ်ကို MI 35 ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး MI 17 ဖြင့် စစ်သားများအား ဒီပဲယင်းမြို့အနီး အောင်ချမ်းသာရွာဝန်းကျင်၌ ချသွားကြောင်း ရေဦးပကဖထံက သိရသည်။
“ မြို့ပေါ်ကို လေကြောင်းနဲ့ ဗုံးကြဲတယ်။ တစ်ချိန်တည်းမှာပဲ အောင်ချမ်းသာရွာအနီးကို လူလာချတယ်။ အင်အားဘယ်လောက်လဲဆိုတာတော့ မသိရသေးဘူး” ဟု ရေဦးပကဖ တာဝန်ခံက MPA ကို ပြောသည်။
ဩဂုတ် ၁၅ရက်မှစ၍ ရေဦးမှ ဒီပဲယင်းသို့ထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီး ယင်းစစ်ကြောင်းနှင့်အတူ ဒီပဲယင်းမြို့မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း လိုက်ပါသွားကြောင်း သိရသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ပျူစောထီး နှစ်ဦး အလံဖြူထောင်၍ လက်နက်ချပြီး Non CDM ဝန်ထမ်း ၄၁ဦးနှင့် ၎င်းတို့၏မိသားစုဝင် ၈၀ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။