By Ra Wai / MPA
လက်နက်နှင့်တကွ အလင်းဝင်လာသည့် ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်အတွင်းရှိ ရဲတပ်သားတစ်ဦးကို ဂုဏ်ပြုငွေ ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၇ရက်တွင် မှော်ဘီမြို့နယ်၊ ရဲတပ်ရင်းငါး မှ ရဲတပ်သားမျိုးချစ်သူသည် G3 သေနတ်တစ်လက်၊ ကျည်အတောင့် ၁၅၀၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း တောင်သာမြို့နယ်ပကဖထံကသိရသည်။
“ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျတော်တို့ မသိရသေးဘူး။ ဒီအဖွဲ့ထဲမှာပဲ အတူတူပူးပေါင်းပြီးတော့ တော်လှန်ရေးဆက်လုပ်မလား။ ဒါမှမဟုတ် သူ့မိသားစုရှိရာကိုပဲ ပြန်မလား” ဟု တောင်သာမြို့နယ် ပကဖမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ယင်းရဲတပ်သား၏ မိသားစုဝင်များသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေတွင် ရှိသည့်အတွက် မိသားစုအတွက်လည်း စိတ်ပူစရာမလိုကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ စစ်သား၊ ရဲနှင့် ပျူစောထီးများအနေဖြင့် စစ်ကောင်စီတပ်၏ အရှုံးကို သိမြင်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံရန် တောင်သာမြို့နယ်ပကဖက တိုက်တွန်းထားသည်။