စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့ နယ်၊ ဘုရင့်နောင်ရပ်ကွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး(ကကဝယ်) ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းက ဗုံးဖောက်ခွဲခံခဲ့ရကြောင်း နေပြည် တော်စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။
အဆိုပါ ဗုံးဖောက်ခွဲခံရမှုကြောင့် စစ်တပ်အရာရှိကြီး အသုံးပြုသောစစ်ယာဥ်တစ်စီးနှင့် ရုံးအ ဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
” ဖြစ်စဥ်က မှန်ပါတယ်။ PDF တွေနဲ့ တပ်တွင်း ဖရဲသီးပေါင်းပြီးလုပ်တာဖြစ်နိုင်တယ် ။” ဟု နေပြည်တော် စစ်ရုံးအတွင်း တာဝန်ထမ်းဆောင်နေသူ စစ်သားတဦးက MPA သို့ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး နေပြည် တော်အတွင်း လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့ကလည်း ပျဥ်းမနားမြို့သို့ စျေးဝယ်သွားသော စစ်ကောင်ယာဥ်တစီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါအချိန်သည် နေပြည်တော် အတွင်း ဗိုလ်ချုပ် ဇော်မင်းထွန်းဦးစီးပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့်အချိန်လည်းဖြစ်ကြောင်း သိရသည်။