• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
22 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

မုံရွာတွင် လက်နက်ကြီး ထိမှန် သေဆုံးသော ပြည်သူများကို PDF များဟု သတင်းအမှား ဖြန့်ဝေ

MPA by MPA
Aug 16, 2024
in သတင်း
0
0
မုံရွာတွင် လက်နက်ကြီး ထိမှန် သေဆုံးသော ပြည်သူများကို PDF များဟု သတင်းအမှား ဖြန့်ဝေ
Share on FacebookShare on Twitter

By Haythar /MPA

စစ်ကိုင်းတိုင်း မုံရွာ- အမြင့်လမ်းဘေးကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်​ကြီးပစ်ခတ်ခဲ့ရာ ထိမှန် သေဆုံးသူများသည် PDF များဖြစ်သည်ဟူသော သတင်းအမှား သြဂုတ် ၁၄ရက်က တယ်လီဂရမ်ချန်နယ် များ၌ ပျံ့နှံ့ခဲ့သည်။

Subscriber ၂၄၀၀၀ ကျော်ရှိသည့် Truth Media တယ်လီဂရမ်ချန်နယ်က မုံရွာအမြင့်လမ်းသတင်းမှန်ပြန် ကြားရေး လိုဂို တပ်ထားသည့် ဓာတ်ပုံကိုအသုံးပြု၍ “ ဩဂုတ်၁၀ရက်နဲ့၁၁ရက်နေ့တွေ မှာလက်နက်ကြီးနဲ့ ထုတာ မုံရွာ-အမြင့်လမ်းဘေး ကျေးရွာတွေထဲခိုအောင်းတဲ့ PDAF၁၀ယောက်ထိမှန်ထားကာ နေရာတင် ပွဲချင်းပီး၂ကောင်သေဆုံးခဲ့ပါသေးတယ်။ မုံရွာ-အမြင့်လမ်းဘေးနဲ့ချောင်းဦးဖက်ရွာတွေမှာ နေ့စဥ်နဲ့အမျှ ထပ်သုတ်ဖိုလိုနေကြောင်း မုံရွာ-အမြင့်လမ်းပြည်သူလူထုကပြောဆိုထားပါတယ်” ဟု သြဂုတ် ၁၄ရက် ညနေပိုင်းကရေးသားဖော်ပြထားသည်။

Truth Media ၏ ရေးသားဖော်ပြချက်ကို ဩဂုတ် ၁၆ရက် ည ၈နာရီအထိ ကြည့်ရှုသူ ၉၆၀၀ ကျော်ရှိခဲ့ပြီး like and react ပေးသူ ၁၉၀ ကျော် အထိရှိခဲ့သည်။

အဆိုပါ အကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် လေးခုကလည်း ကူးယူဖော်ပြထားကြသည်။

သတင်းအမှားလင့်ခ်များ
Truth Media – https://shorturl.at/TODQn
Thar Sitt(Psy) https://archive.ph/wx9LJ
Nyan Myint https://archive.ph/ShNJz
Min Din https://archive.ph/EyXjP
ထွေရာ​လေးပါးသတင်းစုံ https://archive.ph/Y7stl

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းစိစစ်သက်သေပြချက်

လက်နက်ကြီးထိမှန်ပြီး PDF များသေဆုံးဆိုသော သတင်းအကြောင်းအရာတွင် ဖော်ပြထားသည့် ဓာတ်ပုံ များကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေး လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြထားသည့် ဓာတ်ပုံနှင့် တူညီနေသည်။

ဓာတ်ပုံတူညီမှုရှိသော လင့်ခ် – https://shorturl.at/ODXov

Google တွင် “ မုံရွာ” ဆိုသည့် “ keyword ” ဖြင့်ရှာဖွေကြည့်ရာ BBC /Myanmar Now/ RFA /The Irrawaddy Burmese သတင်းမီဒီယာများတွင် သတင်းဖော်ပြထားကြသည်။

BBC မီဒီယာတွင် “စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ထနောင်းတော(တောင်)ရွာမှာ မနေ့ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းတုန်းက စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဘီဘီစီကိုပြောပါတယ်။” ဟု ရေးသားဖော်ပြထားသည်။

BBC သတင်းလင့်ခ်အပြည့်အစုံ – https://shorturl.at/X3P1U

Myanmar Now သတင်းမီဒီယာတွင်” သေဆုံးသူများမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးမြင့်၊ အသက် ၄၀ ကျော်အရွယ်များဖြစ်သည့် ဒေါ်မြင့်မြင့်စိုး၊ ဒေါ်မာမာဌေး၊ ဒေါ်အိအိမော်၊ ဒေါ်ယဉ်ဌေး၊ ဦးထွန်းဝင်း၊ အသက် ၃၀ ကျော်အရွယ် ကိုလင်း၊ မခိုင်ရွှေဝါ၊ ၂၃ နှစ်အရွယ် ကိုနိုင်ကိုခန့်၊ မလုံးလုံးနှင့် ၁၄ နှစ်အရွယ် မထက်ရွှေစင်တို့ ဖြစ်သည်။သေဆုံးသူများမှာ ဈေးရောင်းဈေးဝယ် အရပ်သားပြည်သူများဖြစ်သည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။” ဟုရေးသားဖော်ပြထားသည်။

Myanmar Now သတင်းလင့်ခ် https://shorturl.at/U5GpU

RFA သတင်းမီဒီယာတွင်” ထနောင်းတော (တောင်ရွာ) နဲ့သုံးမိုင်အကွာ မအူပင်ဂိတ်က စစ်ကောင်စီတပ် ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလိို့ဒေသခံတွေကဆိုပါတယ်” ဟု ရေးသားဖော်ပြထားသည်။

RFA သတင်းမီဒီယာ လင့်ခ် – https://shorturl.at/KJquM

The Irrawaddy သတင်းမီဒီယာ တွင် ” စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် မအူရွာဂိတ်စခန်းရှိ စစ်တပ်မှ ယမန် နေ့ ၁၀ နာရီခန့်တွင် လက်နက်ကြီးတလုံးဖြင့် ပစ်ခတ်ရာ ထနောင်းတော (တောင်) ရွာ ဈေးတန်း အလယ်ကျရောက်ပြီး ပြည်သူ ၁၁ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်သည်။” ဟုရေးသားဖော်ပြထားသည်။

The Irrawaddy သတင်း အပြည့်အစုံလင့်ခ်- https://shorturl.at/mJc6g

သုံးသပ်ချက်

တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာ၌ ဖော်ပြထားသော ဓာတ်ပုံသည် မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည့်ပုံနှင့် ထပ်တူကျသည့်အပြင် သတင်းမီဒီယာ များတွင် ဖော်ပြထားကြသည်။

မုံရွာမြို့ ထနောင်းတော (တောင်ရွာ)ကို သုံးမိုင်အကွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ရာ ကျေးရွာအတွင်းရှိ စျေးတန်းအတွင်း ကျရောက်ပြီး ပြည်သူ ၁၁ဦးသေဆုံးခဲ့သည်ဟု သတင်းအချက်အလက် များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသည့်သတင်းမီဒီယာများတွင်ရေးသားဖော်ပြထားကြသည်။

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော လက်နက်ကြီးထိမှန်၍ သေဆုံးသူများသည် PDF များဖြစ် ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသည့် သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့ စစ်ဆေးသင့်သည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။

MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Tags: militaryMPAMyanmarNewsSAC
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

စီးပွားရေး

ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

May 15, 2025
ဝက်ထီးကန်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေ

By Nway / MPA ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ပွဲစားက စစ်တပ်နှင့် ခြိမ်းခြောက်ပြီး စပါးဈေးနှိမ်ကာ ဝယ်ယူနေကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဝက်ထီးကန်တိုက်နယ်၊ ပျဥ်းမအိုင်ရွာ နေ အသက် ၃၀...

Read more
by MPA
0 Comments
သတင်း

ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

May 15, 2025
ကျောက်တော်မြို့ကို စစ်ကောင်စီထပ်မံ ဗုံးကြဲ ပြည်သူခုနှစ်ဦးသေဆုံး၊ ရခိုင်တွင် သုံးရက်ဆက် ဗုံးကြဲခံရမှုကြောင့် သေဆုံး သူ ၂၀ ကျော်ရှိလာ

By Hlaing / MPA ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခုနှစ်ဦးသေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သုံးရက်ဆက်တိုက် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၀ကျော်ထိရှိလာကြောင်း သိရသည်။ ယနေ့(မေ ၁၅ရက်)၊ မွန်းလွဲ နှစ်နာရီခန့်က စစ်ကောင်စီသည်...

Read more
by MPA
0 Comments
နိုင်ငံရေး

စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

May 15, 2025
စစ်ကောင်စီအပေါ် တရုတ်ထောက်ခံနေမှု လွဲမှားသည့် လောင်းကြေးထပ်မှုဟုကုလအကြံပေးဟောင်းများဆို

By Mg Dagon / MPA တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးပေါ် မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စစ်ကောင်စီအပေါ် စစ်ရေးအထောက်အပံ့ပေးနေခြင်းတို့သည် လွဲမှားသည့်လောင်းကြေးထပ်မှုတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ပြောဆိုလိုက်သည်။ လက်ရှိတရုတ်၏ လုပ်ရပ်များသည် စစ်ကောင်စီကို မကယ်နိုင်သည့်အပြင်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

May 15, 2025
ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှု သတင်းပေးကြောင့်ဟုဆို အဆိုပါစခန်းကို လေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာ

By Bala / MPA ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယင်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှု သုံးကြိမ်ထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ၁၄ရက်)၊ ည ရှစ်နာရီ...

Read more
by MPA
0 Comments
ပညာရေး

ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

May 15, 2025
ဂန့်ဂေါမြို့အနီးရှိ စာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြန်

By Hsu Yee/MPA မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တွင် ညအချိန်၌ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။ မေလ ၁၄ ရက်၊ည ၁၁ နာရီကျော်တွင်ဂန့်ဂေါမြို့အနီးရှိ လာပို့ရွာ ‌စာသင်ကျောင်းကို လေကြောင်း...

Read more
by MPA
0 Comments
စစ်ရေး

ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

May 15, 2025
ခင်မွန်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်၊လူငယ်၂၀အား ဖမ်းဆီးသွား

By Nway / MPA စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စစ်ကောင်စီတပ်က ရွာသားတစ်ယောက်ကို ဓားဖြင့်မွှန်းပြီး သေနတ်ဖြင့် ပစ်သတ်ကာ လူငယ်၂၀ အား ဖမ်းဆီးသွားကြောင်း သိရသည်။ မေလ ၁၃ရက်၊ ည ၈နာရီ...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

May 7, 2025
ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များ ဗုံးခိုကျင်းမတူးပါက ဒဏ်ငွေငါးသိန်းဆောင်ရမည်ဟု IEC ဆို

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဗုံးခိုကျင်းမတူးသည့်နေအိမ်များကို ဒဏ်ကြေးအဖြစ် ကျပ်ငါးသိန်းကောက်ခံမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ဒုတိယအပတ်ကစတင်ပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူများအား သက်ဆိုင်ရာ ရွာအလိုက် လူထုတွေ့ဆုံပညာပေးခြင်းများပြုလုပ်ခဲ့ပြီးနောက် မတ်လ...

Read more
by MPA
0 Comments
နိုင်ငံရေး

ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

May 7, 2025
ရုရှားက မြန်မာ့လွတ်လပ်ရေးတွင် ပါဝင်ကူညီခဲ့ဟု ရုရှားသံအမတ် ဝါဒအမှားဖြန့်

By Mg Dagon / MPA ရုရှားနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း ပါဝင်ကူညီပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ် Iskander Azizov က ပြောကြားလိုက်သည်။...

Read more
by MPA
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

May 7, 2025
ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချ

By Bala / MPA ကရင်နီပြည်နယ်၊ဒီးမော့ဆိုအနောက်ခြမ်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့်ဓာတုဗုံးအပါ ဗုံး၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့( မေ ခြောက်ရက်) ၊ ည ၁၀နာရီ ၅၀မိနစ်တွင် စစ်ကောင်စီက...

Read more
by MPA
0 Comments
စစ်ရေး

ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

May 7, 2025
ပုလောမြို့ပေါ်တွင် ဆိုင်ထိုင်အရက်သောက်နေသော ပျူသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးဟုဆို

By Ra Wai / MPA တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်တွင် ဆိုင်ထိုင် အရက်သောက်နေသော ပျူစောထီးသုံးဦးကို PDF တို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။ ‌မေလ ခြောက်ရက်၊ ညနေ ငါးနာရီခွဲခန့်တွင် ပုလောမြို့၊ အမှတ်နှစ်ရပ်ကွက်ရှိ...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In