မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ MOGE ရေနံမှော်ကင်းစခန်းကို PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၃၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းကို ဩဂုတ်၁၅ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်တစ်စစ်ဒေသက သတင်းထုတ်ပြန်သည်။
ယင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ကပစ၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင် အပါ အဝင်၁၂ ဦး သေဆုံးပြီး ကပစ၂၃ မှ ဒုအရာဗိုလ် ဝင်းမြင့်ထွန်းအပါ ၁၂ ဦး အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲမှ လက်နက်မျိုးစုံ ၃၀အပြင် ၊ ကျည်မျိုးစုံ ၂၆၀၀ကျော်၊ မိုင်း ခုနှစ်လုံး၊ ဗုံးသီးခြောက်လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကာ PDFရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး၏ ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။