By Wadi / MPA
မြင်းခြံ-တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်ကို မြင်းခြံပြည်သူ့စစ်များက လျှတ်တပြတ် တိုက် ခိုက်သိမ်းပိုက်ဆိုသည့် သတင်းအမှားများ ဩဂုတ် ၁၅ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် များ၌ ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၅ ရက် ညနေ ၄ နာရီ ၄၁ မိနစ်တွင် “မြင်းခြံ ပသစ တွေ လှော်ချက် ၊ အကြမ်းဖက် PDF ခွေးများ မူးယစ်ဆေးဝါးသုံးစွဲကာ ဆေးကြောင်ကြောင်ပြီး ဓားပြတိုက် ဆက်ကြေးကောက်အခြေချနေသည့် နန်းမြင့်တောင်တိုးဂိတ်ကို မြင်းခြံ ပသစ များမှ လျှက်တပြတ် တိုက်ခိုက်သိမ်းပိုက်။ အကြမ်းဖက် ဘိန်းစား PDF များ ကြောက်လန့်တကြား ထွက်ပြေးသွားကြ။” (မူရင်းရေးသားချက်အတိုင်း) ဟူ၍ ရေးသားကာ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတင်းအမှား အကြောင်းအရာကို ဩဂုတ် ၁၆ရက် ညနေ ၆နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၄၅၀၀၀ကျော် Reaction ပေးသူ ၁၉၀၀ကျော် ရှိသည်။
အဆိုပါသတင်းအမှားကို “အထွန်းဖွား ၊ Ye’ Ba Nyein ၊ Kyaw Swar” တယ်လီဂရမ်ချန်နယ်များအပြင် အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
မှိုင်းဝေ – https://archive.ph/RDPyp
အထွန်းဖွား – https://archive.ph/EEU40
Ye’Ba Nyein – https://archive.ph/K3mWN
Kyaw Swar – https://archive.ph/JpfNo
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသာ အကြောင်းအရာနှင့် ပတ်သက်၍ အချက်အလက် မှန် မမှန် သိရှိရန် Google တွင် “ နန်းမြင့်တောင်တိုးဂိတ်” ဆိုသည့် စာသား Keyword ဖြင့် ရှာဖွေကြည့်ရာ “People’s Spring” နှင့် “Mizzima” တို့တွင် သတင်းရေးထား ဖော်ပြထားသည်။
People’s Spring က ဩဂုတ် ၁၇ ရက်တွင် “ မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းရှိ နန်းမြင့် တောင်တိုးဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအား မီးရှို့ ဖျက်ဆီးခဲ့ ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကပြောသည်။ နန်းမြင့်တောင် စစ်ဆင်ရေးဂိတ်သည် အစစ်အဆေးကြမ်းတမ်းပြီး ပြည်သူများအား ဖမ်းဆီးငွေညှစ် လေ့ရှိသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံများပြောသည်။” ဟူ၍ ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/bNaVq
Mizzima မီဒီယာက ဩဂုတ် ၁၅ ရက်တွင် “မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ လမ်းပိုင်းရှိ နန်းမြင့်တောင် တိုးဂိတ်စခန်းမှ စစ်ကောင်စီ တပ်သားများ ဩဂုတ် ၁၂ ရက်က စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြော သည်။” ဟု ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/e7IMX
သုံးသပ်ချက်
သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် နန်းမြင့်တောင်ဂိတ်ကို စစ်ကောင်စီတပ်သားများက စွန့်ခွာထွက်ပြေးသွား၍ စခန်းကို မီးရှို့ခဲ့ကြောင်း၊ နန်းမြင့်တောင်ဂိတ်သည် စစ်ကောင်စီတပ်သားများ ငွေညှစ်လေ့ရှိသည့်ဂိတ်ဖြစ်ကြောင်း ရေးသားထား သည်။ မြင်းခြံပြည်သူ့စစ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြထားခြင်းမရှိပေ။
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော “နန်းမြင့်တောင်တိုးဂိတ်ကို မြင်းခြံပြည်သူ့စစ်များက လျှတ်တပြတ် တိုက် ခိုက်သိမ်းပိုက်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ် ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
![](https://mpapress.com/wp-content/uploads/2024/08/signal-2024-08-16-181349_003.jpeg)
![](https://mpapress.com/wp-content/uploads/2024/08/signal-2024-08-16-181349_002.jpeg)