ရှမ်းပြည်နယ်၊ သီပေါမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗုံးအလုံး၁၀၀ကျော် ကြဲခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ်၁၄ရက်) တွင် သီပေါမြို့၊ ခလရ ၂၃ တပ်စခန်းနေရာ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေးကြိမ်နှင့် Y12 ထောက်ပို့လေယာဉ်ဖြင့် ၁၆ကြိမ် စုစုပေါင်း ဗုံး ၁၂၄ လုံး ကြဲချခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ယနေ့ နောင်ချိုမြိုနယ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က Y12 ထောက်ပို့လေယာဉ်ဖြင့် တစ်ကြိမ် ဗုံးလေးလုံး ကြဲချခဲ့ကြောင်းသိရသည်။
နောင်ချိုမြိုနယ်၊ တောင်ခမ်းရွာနှင့် နောင်လင်ကျေးရွာတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။