By Ra Wai / MPA
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက် ခိုက်မှုကြောင့် ငါးရက်အတွင် ပြည်သူ ၁၁ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် သီပေါမြိုနယ်အတွင်း နေ့စဥ်လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်လျက်ရှိရာ သြဂုတ်ကိုးရက်မှ ၁၃ရက်အထိ သီပေါမြိုနယ်၊ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြိုလယ်ရပ်၊ နားလွယ်၊ မြိုဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းမှ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး လေးဉီးသေဆုံးခဲ့ကြောင်း TNLA က ယနေ့သတင်း ထုတ်ပြန်သည်။
“အဓိကကတော့ လေကြောင်းပေါ့။ MNDAAနဲ့ TNLA အုပ်ချုပ်နေတဲ့မြို့တွေကို ပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာ ဆက်တိုက်ပဲ။အခု သီပေါဆိုရင်လည်း ထိချင်တဲ့ပြည်သူထိပဲ။နိုင်ငံ တကာက စစ်တပ်ဘာလုပ်လုပ် ငုတ်တုတ်ထိုင်ကြည့်နေတော့ ငရဲခွေးကြီး လွတ်နေတာပေါ့” ဟု ရှမ်းမြောက်အခြေစိုက် PDFရဲဘော်တစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူ ၁၂ဦးထဲတွင် သီလရှင်တစ်ပါးနှင့် ကလေးငယ်တစ်ဦး ပါဝင်ပြီး သီပေါဒေသခံများမှာ ကျောက်မဲမြို့၊ နမ့်လန်နှင့်ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲပြီး ပြည်သူကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ ဆက်တိုက်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း TNLAက ဆိုသည်။
သီပေါမြို့ကို TNLA ပူးပေါင်းတပ်တို့က မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့(ဩဂုတ်၁၄ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း PDFရဲဘော်က ပြောသည်။