ဝန်ကြီးများအဖွဲ့တွင် ထောင်ဒဏ်ကျခံရဖူးသူ တစ်ဦးအား ရာထူးခန့်အပ်မှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်အား ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ်လ ၁၄ ရက်က ထုတ်ပယ်လိုက်သည်။
တရားရုံး၏ ယခုဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်ပြီး အစိုးရအဖွဲ့၏ မဟာမိတ်ဖွဲ့မှု အပြောင်းအလဲရှိလာနိုင်သည်။
အိမ်ယာမြေလုပ်ငန်းရှင် သူဌေးကြီး ဆရီသာသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ စံချိန်စံညွှန်း မကိုက်ညီသူ တစ်ဦးအား ၎င်း၏ဝန်ကြီးများ အဖွဲ့တွင်ခန့်အပ်မှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း တရားရုံးကဆုံးဖြတ်ခဲ့ပြီးနောက် ၁၆ နှစ်အတွင်း အဆိုပါတရားရုံးတစ်ရုံးတည်းက ထုတ်ပယ်ခဲ့သည့် စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
တစ်နှစ်မပြည့်မီ ဆရီသာအား ရာထူးမှဖယ်ရှားလိုက်သောကြောင့် ထိုင်းလွှတ်တော် အနေဖြင့် ဝန်ကြီးချုပ် အသစ်တစ်ဦးရွေးချယ်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။
ဆယ်စုနှစ် နှစ်ခုအတွင်း အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပြီး အစိုးရအဖွဲ့များ ဖြုတ်ချခံရကာ နိုင်ငံရေး ပါတီများလည်း ဖျက်သိမ်းခံခဲ့ရသည့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးမသေချာမရေရာမှုများ ဖြစ်ပေါ်လာ နိုင်သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲအများဆုံးနဲ့အနိုင်ရခဲ့ပြီး လူကြိုက်အများဆုံး အတိုက်အခံပါတီ ဖြစ်သည့် Move Forward ကိုလည်း အဆိုပါတရားရုံးကပင် ဖျက်သိမ်းခိုင်းခဲ့ခြင်း ဖြစ်သည်။
နန်းတော် စော်ကားမှုဆိုင်ရာဥပဒေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုကြောင်း အဆိုပါ ပါတီ ဖျက်သိမ်းခံခဲ့ရခြင်း ဖြစ်သော်လည်း ၎င်းတို့က ပြည်သူ့ပါတီအမည်ဖြင့် အင်အားပြန်စုထားသည်။
ဆရီသာ၏ Pheu Thai ပါတီနှင့် ယင်းပါတီ မတိုင်ခင်က ပါတီများသည် ထိုင်းနိုင်ငံတွင် ကသောင်းကနင်း အခြေအနေများဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ဦးဆောင်သော အစိုးရအဖွဲ့ နှစ်ဖွဲ့မှာလည်း အာဏာသိမ်းမှုများကြောင့် ပြုတ်ကျခဲ့ရသည်။
ယခု တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံ၏နိုင်ငံရေး ဟဲဗီးဝိတ်တစ်ဦးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ၎င်း၏ ရန်သူများကြား ကွန်ဆာဗေးတစ် လူ့မလိုင်များနှင့် စစ်တပ်အသိုင်းအဝိုင်ကြား မဟာမိတ်ဖွဲ့မှု အပေါ် ရိုက်ခတ်မှုများရှိလာနိုင်သည်။