စစ်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာလဆန်းပိုင်း အတွင်း ကချင်ပြည်နယ်အတွင်း ဒေသများသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်ပျက်ပြယ်နိုင်ဖွယ်ရှိကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် မပခ စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။
” အစက လူကြီးလမ်းကြောင်းက ဒီစနေ၊တနဂ်နွေလို့ ကြားတယ်။ နောက်ပြီးရက်ရွှေ့တယ်လို့လည်း ကြားတယ်။ လူကြီးလမ်းကြောင်း ပျက်တယ်လည်းကြားတယ်။ ရက်ပိုင်းအတွင်း ၂ ခေါက်ပြန်လာတာတော့ရှားပါတယ်။ ဒုချုပ်လမ်း ကြောင်းလို့ လည်းကြားတယ်။ အမျိုးမျိုးကြားနေတာဘဲ။ ထုံးစံကတော့ လာတာမလာတာထက် ဒီဘက်ကတော့အကုန် Stand by ပြင် ထားရတာဘဲ။ လာ မလာ တော့ မသေချာတော့ဘူး။ ” ဟု မပခ တပ်မိသားစုဝင်တဦးက MPAသို့ ပြောသည်။
လက်ရှိတွင် မြစ်ကြီးနားမြို့အပါအဝင် ကချင် ပြည်နယ်မြို့နယ်များ အတွင်း ဆက်လက်၍ လုံခြုံရေးတိုးမြှင့်တင်းကျပ်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် စစ်ခေါင်း ဆောင်၏ ကချင်ပြည် နယ်ခရီးစဥ်အတွင်း လုံ ခြုံရေးအခြေအနေအရ မသွားရောက်ခဲ့ရသည့် ပူတာအို၊ ခေါင်လန်ဖူးဒေသများရှိ ရဝမ် ဌာနေပြည် သူ့စစ်များ၊ နယ်ခြားစောင့်တပ်များနှင့် တွေ့ဆုံရန်ဆန္ဒရှိနေကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ်ခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက ပူတာအိုမြို့ သို့ စစ်ခေါင်းဆောင်၏လုံခြုံရေးတပ်ဖွဲ့များကို ဖြတ်သန်းခွင့်မပြုခဲ့ဘဲ ယခုတခေါက် တကျော့ပြန် ခရီးစဥ်အတွက်လည်း ပူတာအို PDFတပ်ဖွဲ့မှလည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။