By Ko Paing / MPA
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမပျူစောထီးရွာကို PDF တို့ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
သြဂုတ် ၁၂ ရက်၊မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်တွင် ပွဲခင်းရွာမပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီမှာ စစ်သား ငါးဦးရှိတယ်။ကျန်တာ အကုန်ပျူတွေပါ။ တိုက်ပွဲကြာချိန်ကတော့တစ် နာရီဝန်းကျင်ပါ။ရွာထဲထိဝင်တိုက်တာပါ။ဘန်ကာ တစ်ခုရှိတာ ဖျက်ဆီးခဲ့နိုင်ပါတယ်။အဲ့ဒီရွာထဲက ပျူခေါင်းဆောင်အိမ်နဲ့ပျူဒုခေါင်းဆောင်တွေရဲ့အိမ်တွေကိုလည်း အဓိကထားပြီး ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ပျူ ခြောက်ဦးသေတာကိုတော့ မျက်မြင်တွေ့ခဲ့ပါတယ်” ဟု OAK AWE UG မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကိုသြဥ က MPAသို့ ပြောသည်။
ပျူစောထီးများထံမှ ကာဘိုင်သေနတ် နှစ်လက်၊တစ်တောင့်ထိုးရှော့ဂမ်းသေနတ်တစ် လက်၊လက်ပစ်ဗုံး သုံးလုံး၊ကာဘိုင်ကျည် ၉၈ တောင့်၊ကာဘိုင်ကျည်ဘောက် သုံးခုနှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းမိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို OAK AWE UG မြို့ပြပြောက်ကျားတပ်ဖွဲ့၊အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊BaGan Bo Choတပ်ဖွဲ့၊မြိုင် ပ က ဖ၊YRF ပေါက်တောင်ပိုင်း ပ က ဖ၊မကွေးတိုင်း ပကဖ၊မကွေးခရိုင် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊တောဇီးကွက်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ကျောက်ပန်းတောင်း Special Defence Forceတပ်ဖွဲ့၊ပခုက္ကူမြို့နယ်ပကဖ၊People Defence Force သခင်ဖိုးလှကြီးတပ်ဖွဲ့ Chauk ၊ chauk guerrilla force (c.g.f)၊Chauk Revolution Army(C.R.A)နှင့်ချောက်ပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပျူစောထီးတို့ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။