ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်လမ်းပေါ်ရှိ Keivangzuan စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၁၀ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဟားခါးCDF က သတင်းထုတ်ပြန် သည်။
သြဂုတ်လ ၁၂ရက်နေ့တွင် Operation Rung အမည်ဖြင့် Chinland Defense Force – Hakha နှင့် Chin National Army တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး 60မမ၊ MA1 နှစ်လက်၊ MA2 လေးလက်၊ MA3 တစ်လက်၊ MA4 နှစ်လက်၊ Machine gun တစ်လက်၊ ကျည်ဘောက် ၂၅ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဟားခါး CDF အနေနှင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။