By Haythar / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်တိုက်ခိုက်ချေမှုန်းရန် တပ်သုံးခုနှင့် မြို့ပေါ်စခန်းများသာ ကျန်တော့ကြောင်း သိရသည်။
သပိတ်ကျင်းမြိုနယ်ရှိ ခလရ ၁၄၈ တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတိုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး သပိတ်ကျင်းမြို့ နယ်အတွင်း၌ တပ်စခန်း ၈ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF က ယနေ့(ဩဂုတ်၁၀ရက်)ထုတ်ပြန်ထားသည်။
“တကက ၁၃(တန်းမြင့်လေ့ကျင့်ရေးကျောင်း)၊ စခတ နှစ် ၊ကျောက်ကြီးနည်းပညာတပ်နဲ့ သပိတ်ကျင်းမြို့ပေါ်က ဋ္ဌာနဆိုင်ရာစခခန်းတွေပဲ ကျန်တော့တယ်” ဟု သပိတ်ကျင်းအခြေစိုက် PDF ရဲဘော်တစ်ဦးက MPAသို့ပြောသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ၁၄၈ တပ်ရင်း ကို TNLA နှင့်ပူးပေါင်းတပ်တို့က ဩဂုတ်ကိုးရက်၊ညနေငါးနာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း MDY-PDF ကထုတ်ပြန်သည်။