By Ko Paing / MPA
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိခဲ့သည့် တပ်မိသားစုဝင် ၈၀၀ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးမိသည့် တပ်မိသားစုဝင် ၂၀၀၀ ဝန်းကျင်ရှိသည့်အနက် ဩဂုတ်ခြောက်ရက်နှင့်ခုနှစ်ရက်တို့တွင် တပ်မိသားစုဝင်၈၃၀ ကိုပြန်လွှတ်ပေးခဲ့ကြောင်း ရှမ်းမြောက်ဒေသ စစ်ရေးသတင်းရင်းမြစ် ထံက သိရသည်။
“ လားရှိုး ရမခသိမ်းပိုက်ချိန်က ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းမိသားစုတွေကို နေ့စဉ်လွှတ်ပေးနေတာပါ။ ခြောက်ရက်နေ့က ၃၈၅၊ခုနှစ်ရက်နေ့က ၄၄၅ ယောက်လွှတ်ပေးခဲ့ပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
MNDAA ဖမ်းဆီးမိထားသည့် စစ်သုံ့ပန်းများကိုမူ စစ်သုံ့ပန်းဥပဒေနှင့်အညီကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။
MNDAAသည် ပြန်လည်လွှတ်ပေးခဲ့သည့် တပ်မိသားစုတစ်စုစီကို ခရီးစရိတ် ကျပ်ငါးသောင်း ပေးအပ်ခဲ့ကြောင်း၊တပ်မိသားစုဝင်များ ပြန်လည်လွှတ်ပေးခြင်းကို SSPP/SSA က ကူညီခဲ့ကြောင်းသိရသည်။
ဩဂုတ်သုံးရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေကို MNDAAနှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းအများအပြားနှင့်တပ်မိသားစုဝင်များကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။