ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားကို ABSDF စစ်ကြောင်းသုံး တွင် ယနေ့(ဩဂုတ်ရှစ်ရက်) ကျင်းပခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ကျောင်းသားတပ်မတော် အမှတ်သုံး စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်း ယောဒေသ တွင် ယနေ့ နံနက် ရှစ်နာရီအချိန်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယောဒေသရှိ ဒေသကာကွယ်ရေး အဖွဲ့များ ၊ပအဖများ၊ ပကဖများ ၊ PDF များနှင့် ဒေသခံ ရဟန်းရှင်လူများ တက်ရောက်ခဲ့ကြကြောင်း ABSDF Column-3 က သတင်းထုတ်ပြန်သည်။
ယင်းအခမ်းအနားတွင်မြန်မာပြည် ဒီမိုကရေစီအရေး တိုက်ပွဲများ၌ အသက်စွန့်ခဲ့လေပြီးသော အာဇာနည် သူရဲကောင်းအပေါင်းအား ဦးညွှတ်အလေးပြုခြင်းနှင့် ABSDF ဗဟို၏ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့် ထုတ်ပြန်ကြေညာချက် အား ဖတ်ကြားခြင်း အပြင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအကြောင်း ဟောပြောခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။




