By Ko Paing / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်အခြေစိုက် ပြည်သူ့စစ် ခုနှစ်ဦး အလံဖြူထောင်ကာ အလင်းဝင်လာကြောင်းသိရသည်။
သြဂုတ်ခုနှစ်ရက်တွင် မိုင်းရယ်မြို့နယ် ခလရ ၆၇ အခြေစိုက် ပြည်သူ့စစ် ခုနှစ်ဦးသည် အလံဖြူထောင်ကာ ကိုးကန့်တပ်မတော် MNDAA ထံအလင်းဝင်လာကြောင်း ရှမ်းမြောက် စစ်ရေးသတင်းရင်းမြစ်ထံက ပြောသည်။
“အဲ့ ခုနှစ်ဦးထဲမှာဒုတပ်ကြပ်ဟောင်း တစ်ဦးလည်းပါတယ်။လက်နက်တော့မပါပါဘူး။သူတို့ကို MNDAA က စီစဥ်ပေးနေပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
အလင်းဝင်လာသည့် ပြည်သူ့စစ်များသည် ပဲခူးတိုင်းအတွင်းရှိမြို့နယ်များမှ ဖြစ်ပြီး ၊ပြည်သူ့စစ် အပတ်စဥ်တစ် သင်တန်းဆင်းများဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီမှစတင်၍ ပဲခူးတိုင်း မြို့နယ်အချို့ရှိ အသက် ၁၈ နှစ်မှ ၆၀ ကြားအမျိုးသားများကို စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖြစ် သွတ်သွင်းခဲ့ကြောင်း တစ်ရွာလျှင် အမျိုးသား ၂၀ ခန့် ပြည်သူ့စစ် အဖြစ် ဝင်ရောက်ရကြောင်းသိရသည်။