ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို တအောင်းတပ်မတော် (TNLA) သိမ်းပိုက်ပြီး တစ်ပတ်အကြာတွင် ပုံမှန် ပြန်လည် သက်ဝင်နေပြီဖြစ်ကြောင်း သိရသည်။
TNLAက မိုးမိတ်မြို့တွင်း ဒေသခံတို့၏ လှုပ်ရှားမှုပုံရိပ်များကို ယနေ့(ဩဂုတ်ခြောက်ရက်)ညတွင် ထုတ်ပြန်ခဲ့သည်။
မိုးမိတ်မြို့ကို ဇူလိုင်၃၁ရက်တွင် TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။