By Ra Wai / MPA
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား၁၅ဦးကို နေရပ်ပြန်ရန် ကူညီပေးခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
ယင်း တရုတ်နိုင်ငံသား၁၅ဦးကို MDY-PDF က တွေ့ဆုံစစ်ဆေးပြီးနောက် ၎င်းတို့၏ သဘောဆန္ဒအ လျောက် နေရပ်ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေရော တခြားနိုင်ငံခြားသားတွေရော ထိခိုက်မှုမရှိစေရဘူးဆိုတာ သက်သေပြလိုက်တာပါ။အခု PDF သိမ်းထားတဲ့နယ်မြေထဲက တကောင်းနီကယ်စက် ရုံဆိုရင်လည်း တရုတ်ကုမ္ပဏီပိုင်ပဲ။PDFတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဘာမှမဖြစ်အောင် ဂရုတစိုက်လုပ်ဆောင်ပေးနေတယ်”ဟု ဒေသခံ PDFရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲများကြောင့် နိုင်ငံခြားသားများ ထိခိုက်မှုမရှိစေရန် NUGအစိုးရရော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များပါ အလေးထားကြကြောင်းလည်း ၎င်းက ပြောသည်။
ယင်းတရုတ်နိုင်ငံသား၁၅ဦးကို ဩဂုတ်လေးရက်တွင် ထိန်းချုပ်နယ်မြေအဆုံးတစ်နေရာအထိ လုံခြုံ စွာ ပို့ဆောင်ပေးခဲ့ကြောင်း MDY-PDF က ဆိုသည်။