မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတစ်ရွာဖြစ်သည့် နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်တပ်ကစက်တင်ဘာလ၂၉ ရက် နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည်။
ယခုတစ်ကြိမ်မီးရှို့မှုသည် စက်တင်ဘာလအတွင်း နှမ်းခါးကျေးရွာသို့ အကြမ်းဖက်စစ်တပ်၏ သုံးကြိမ်မြောက် လာရောက်မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။
“အခုကိုပဲ မီးရှို့နေကြတုန်းပါပဲ။ လက်ရှိဒီမှာက အရမ်းရှုပ်ထွေးနေတဲ့ အနေအထားမှာရှိပါတယ်။ အသေးစိတ်ပြောပြဖို့ အဆင်မပြေသေးပါဘူး ” ဟု နှမ်းခါးလူငယ်အဖွဲ့ကဆိုသည်။
လက်ရှိအချိန်ထိ မီးလောင်ကျွမ်းလျက်ရှိနေဆဲဖြစ်ပြီး ပျက်စီးမှုအခြေအနေ၊ နေအိမ်အရေအတွက်နှင့် လူထိခိုက်မှုရှိမရှိကိုမူ သိရှိရခြင်းမရှိသေးချေ။ နှမ်းခါးကျေးရွာမှ မိသားစုအများအပြားမှာ လွန်ခဲ့သည့်ရက်သတ္တပတ်ထဲကပင် ကျေးရွာကို စွန့်ခွာထွက်ပြေးနေကြရသည်။
“ မီးခိုးလုံးတွေ အလုံးလိုက်တက်လာတွေ့ရပါတယ်။ အဲ့မှာတော့ လူတွေမရှိကြတော့ပါဘူး။ အကုန်ရှောင်နေကြတာပါ။ ဒါနဲ့ဆို ရွာကိုမီးရှို့တာ သုံးခါရှိနေပါပြီ။ ကျနော်တို့ကတော့ လှမ်းပဲမြင်ရတာပေါ့ ” ဟု နှမ်းခါးဒေသခံတစ်ဦးက ပြောသည်။
နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာလအတွင်း၌ ၁၀ရက်နေ့နှင့် ၁၃ရက်နေ့တို့တွင် မီးရှို့ခဲ့ပြီး နေအိမ်၅၀ကျော်ခန့် မီးလောင်ကျွမ်းပျက်ဆီးခဲ့ရသည်။ စစ်တပ်မှမကြာခဏဝင်ရောက်မှုကြောင့် ဒေသခံအများအပြားသည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
#ဂန့်ဂေါ#နှမ်းခါး#စစ်တပ်ဝင်ရောက်မီးရှို့#MPA
Hnankhar Village Burnt again by Terrorist Military
By MPA
On September 29 morning, the terrorist military once again arrived at Hnankhar village, a village in Gangaw township of Magway region, and is destroying and setting the village on fire.
This marks the third time the terrorist military has carried out arson attacks on Hnankhar village within the month September, according to locals.
“They’re still burning right now. The situation here right now is very complex. I can’t tell the details yet”, said Hnankhar youth.
The houses are still being burnt and damages, number of houses and casualties aren’t known yet. So many families had already fled the village since last week.
“There are clouds of smokes. There are no more people there. All have escaped. With this, it’s a third time that they have burnt the village. We can only see from a distance”, said a Hnankhar local.
The terrorist military carried out arson attacks on Hnankhar village on the 10th and 13th of September burning down over 50 houses. So many residents have run away from their homes due to frequent military raids.