By Bala / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် “ ဝ” ဆက်ဆံရေးရုံးတွင် င်္ဂြိုလ်တုဝိုင်ဖိုင် အခမဲ့ လာရောက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒေသခံပြည်သူများကို ဖိတ်ခေါ်ထားသည်။
“ ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့ (UWSA) ၏ လားရှိုးမြို့နယ် ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် “ မိတ်ဆွေများ မိမိတို့လားရှိုး “ ဝ” ဆက်ဆံရေးရုံးသို့င်္ဂြိုလ်တု WIFI လာရောက်အသုံးပြုနိုင်ပါကြောင်း၊ ကျန်းမာဘေးကင်းကြပါစေ” ဟု ဖော်ပြထားသည်။
“ ပါရမီလမ်း ရပ်ကွက်တစ်မှာ “ ဝ” ဆက်ဆံရေးရုံးရှိတာပေါ့။ စတားလင့်နဲ့ လိုင်းသုံးလို့ရတယ်လို့ပြောတယ်။ ဒီနေ့မှ စကြားတာပါ။ သွားတော့ မသုံးကြည့်ရသေးဘူး” ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။
လားရှိုးမြို့တွင်း အင်တာနက်လိုင်းပြတ်တောက်နေကြောင်း သိရသည်။
လားရှိုးမြို့တွင်း၌ စစ်ကောင်စီတပ်သားများ လုံးဝမရှိတော့ကြောင်းနှင့် ယနေ့ညနေ လေးနာရီအထိ စစ်ရေးအခြေအနေငြိမ်သက်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။