By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးတံတားပေါ်တပ်စွဲထားသည့် စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဩဂုတ် သုံးရက်၊ ညနေ ခြောက်နာရီဝန်းကျင်က ရေဦးမြို့ပြင်ရှိ ရေဦး-ခင်ဦး-ဘုတလင် မီးရထားသံလမ်းတံတားပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံက သိရသည်။
” ရေဦးတံတားအနောက်ထိပ်မှာ တပ်စွဲထားတာ။ အလယ်က ကားသွားတယ်။ ဘေးကတော့ ရထားသံလမ်းပေါ့။ အဲ့ကမီးရထားကောက်တဲ့ဌာနကို သူတို့ (စစ်ကောင်စီ) က အဲ့မှာထိုင်ပြီး ခင်ဦးဘက်သွားတဲ့သူတွေကို ပိုက်ဆံကောက်တာ။ ဒီအချိန်ဆို ကောက်ရတဲ့ဟာတွေ အေးအေးဆေးသောက်ဝိုင်းစားဝိုင်း ထိုင်နေတယ်လို့ သတင်းရလို့ သွားချတာ။ ” ဟု Wolf Guerrilla LDF Ye.U Air Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိသော်လည်း သေဆုံး၊ဒဏ်ရာရစာရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။