ရှမ်းပြည်နယ်၊ ကျောက်မဲ နှင့် နောင်ချို့မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်တပ်က လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ်နှစ်ရက်) နံနက် ခြောက်နာရီမထိုးမီ ကျောက်မဲမြို့ရှိ စစ်တပ်လက်ကျန်စခန်း ခမရ၅၀၁ နှင့် ၅၀၂ စခန်းကုန်းကို TNLAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာနှင့် ပတ္တမြားစေတီအနီးတစ်ဝိုက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ခုနှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း TNLAက သတင်း ထုတ်ပြန်သည်။
အလားတူ နောင်ချိုမြိုနယ်၊ သဲခေါ်ရွာသို့ ယနေ့ မွန်းလွဲ ၁နာရီ ၄၅မိနစ်ခန့်တွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် TNLA တို ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က Mi35ရဟတ်ယာဉ် ဖြင့် တစ်ကြိမ် လာရောက်ပစ်ကူပေးခဲ့ကြောင်းသိရသည်။