By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာ သည့် တပ်က ပြည်သူနှစ်ဦးကိုသတ်ကာ တဲတိုက် ၁၅ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဩဂုတ်တစ်ရက်တွင် ပေါင်းတည်နှင့်ပေါက်ခေါင်းနယ်စပ်မှ အင်အား ၁၈၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အကြောင်းမဲ့ သတ်ဖြတ် မီးရှို့ခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသူနှစ်ဦးမှာ အမျိုးသားများဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံက သိရသည်။
“စစ်ကြောင်းထိုးနေတာကတော့ ပေါင်းတည်နဲ့ပေါက်ခေါင်းနယ်စပ်မှာပါ။အင်အား ခန့်မှန်း ၁၈၀ လောက်ရှိပါတယ်။ ပြည်ဘက်ကလာတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။အသေးစိတ်ဖြစ်စဉ်ကိုတော့ ကျနော်တို့စုံစမ်းနေဆဲပါ” ဟု ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆက်သွယ်ရေး တာ ဝန်ခံ ANDY က MPAသို့ ပြောသည်။
ယင်းစစ်ကြောင်းသည် ဇူလိုင် ၂၄ ရက်မှစတင်ကာ ပေါက်ခေါင်းနှင့်ပေါင်းတည်နယ်စပ်တွင် လှည့်လည်စစ်ကြောင်းထိုးနေကြောင်းသိရသည်။
ယနေ့ (ဩဂုတ်နှစ်ရက်) နံနက်ပိုင်းတွင်လည်း ပေါက်ခေါင်းမြို့နယ်၊ အောင်သပြေကျေးရွာကို အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့နေပြီး ပြာကျသွားသော အိမ်အရေအတွက်နှင့် လူထိခိုက်ရှိ၊မရှိ မသိရသေးပေ။