TNLA စစ်ဆင်ရေးပြုလုပ်နေသော မိုးမိတ်ဗျူဟာကုန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး၁၄လုံး ကြဲချခဲ့ကြောင်း သိရသည်။
ယနေ့ (ဇူလိုင် ၃၀ရက်) နံနက် ၆နာရီခွဲခန့်တွင် မိုးမိတ်မြို့၊ မိုးမိတ်ဗျူဟာကုန်းကို စစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ကြောင်း TNLA က ယနေ့ ည သတင်း ထုတ်ပြန်သည်။
မိုးမိတ်ဗျူဟာကုန်းတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ၂၁၊ ခလရ ၃၄၈ တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးမိတ်မြိုနယ်၊ ဒိုးပင်ရွာတွင်လည်း TNLA နှင့် စစ်ကောင်စီတပ် စကခ၂၁၊ ခလရ ၂၇၆ တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြိုနယ်ရှိ ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းအတွင်းသို့ စစ်ကောင်စီတပ်က Y12လေယာဉ် ဖြင့် လက်နက်ခဲယမ်းများ လာချသွားကြောင်းလည်း TNLAက ဆိုသည်။