By Ra Wai / MPA
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊မိုးကုတ်မြို့တွင် ထွက်ပြေးသွားသော စစ်သားများကို လိုက်လံရှင်းလင်းရာ သေနတ်လေးလက်နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
မိုးကုတ်မြို့နယ်အတွင်းရှိ တပ်စခန်းများကို ဇူလိုင်၂၄ရက်၊ညနေငါးနာရီခန့်တွင် TNLAနှင့် PDF ပူး ပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မိုးကုတ်မြို့သိမ်းတိုက်ပွဲများအတွင်း အတွဲလိုက် ပစ်ဒုံးလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၂၀၀ကျော် သိမ်းဆည်းရမိကာ စစ်သုံ့ပန်း၃၀ကျော် လည်း ဖမ်းဆီးမိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
“ဒီနေ့အထိ မိုးကုတ်မြို့ပေါ်မှာ ထူးထူးခြားခြားမရှိဘူးလို့ ကြားရတယ်။တိုက်ပွဲတွေဘာတွေမရှိဘူး။ PDF ဘက်ကတော့ နယ်မြေရှင်းလင်းရေး လိုက်လုပ်နေတယ်ပေါ့။အဲဒီလိုပဲ PDF လမ်းကြောင်းကနေ ကြားရတယ်။ ဖုန်းလည်းပြတ်၊အင်တာနက်လိုင်းလည်းပြတ်လို့ မြို့ပေါ်နဲ့တော့ တိုက်ရိုက်အဆက် အသွယ်မရသေးဘူး” ဟု မိုးကုတ်မြို့ခံ စစ်ရှောင်ပြည်သူတစ်ဦးက MPA သို့ပြောသည်။
မိုးကုတ်မြို့တွင်းသို့ အောင်ပွဲခံဝင်ရောက်လာသော တော်လှန်ရေးရဲဘော်များကိုမိုးကုတ်မြို့ခံတို့က အောင်သပြေနှင့် ရှမ်းအိုးစည်တို့ဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ယနေ့ (ဇူလိုင်၂၇ရက်) တွင် ကျောက်မဲနှင့် မိုးမိတ်မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း TNLAက ထုတ်ပြန်ထားသည်။