အကြမ်းဖက်စစ်တပ်သည်ကယားပြည်နယ်အတွင်းသို့ဘက်ပေါင်းစုံမှအင်အားအမြောက်အများဖြင့်ထိုးဖောက်ဝင်ရောက်လျက်ရှိနေပြီးကရင်နီဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်း ခုံခံတိုက်ခိုက်လျက်ရှိနေသည်။
စက်တင်ဘာလ၂၆ရက်နေ့က ကုန်းသာရွာတိုက်ပွဲတွင် အထိအခိုက်များစွာဖြင့်တပ်ဆုတ်သွားခဲ့ရသောအကြမ်းဖက်စစ်တပ်အနေဖြင့်အင်အားအမြောက်အမြားဖြင့်ကရင်နီပြည်နယ်အတွင်းသို့ပြန်လည်ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှတာဝန်ရှိသူပြောသည်။
“မနေ့ကကုန်းသာတိုက်ပွဲမှာစကစ က၁၀ဥ◌ီးထက်မနည်းကျတယ်။အဲ့တာကိုမကျေနပ်လို့ဒီနေ့မှာလွိုင်ကော်ကနေလက်နက်ကြီးနဲ့ထုတာရှိတယ်။အိမ်တွေလောင်နေတာအများကြီးပဲ။စစ်ကူတွေလည်းထပ်ပို့နေကြတယ်။ဖယ်ခုံတို့ဒီးမော့ဆိုတို့ဘက်ကိုလည်းဝင်ဖို့လုပ်နေတာတွေရှိတယ်” ဟုKNDFမှတာဝန်ရှိသူကဆိုသည်။
အကြမ်းဖက်စစ်တပ် အနေဖြင့် ဖယ်ခုံ၊ ဒီးမော့ဆိုနှင့်၆မိုင်ကျေးရွာများသို့အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လျက်ရှိနေသည်။
ဒီကနေ့နံနက်၁၀နာရီဝန်းကျင်ကဖယ်ခုံမြို့သို့ချီတက်လာသောစစ်ကား၄၀ကျော်ဖြင့်ချီတက်လာသည်ကိုကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့်ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့မှ ပင်လောင်း-ဖယ်ခုံလမ်းမပေါ်ကုန်းဆုံနှင့်ကသဲကျေးရွာအနီးတွင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၂၀ ဦးထက်မနည်းကျဆုံးခဲ့ကြောင်းမှKNDFမှသိရသည်။
ကယားပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေးတပ်တို့အကြားတိုက်ပွဲများဖြစ်ပွားရာတွင် ကရင်နီကာကွယ်ရေးတပ်များအနေဖြင့် လက်နက်အခက်အခဲများအဓီကရင်ဆိုင်ရလျက်ရှိနေသည်။
“ တူးမီးနဲ့ယမ်းထောင်းနဲ့ကျနော်တို့တိုက်နေတာပဲ။အဲ့တာNUGလည်းလျှောက်ပြောနေတာလေလှိုင်းပေါ်မှာကျနော်တို့မြေပြင်မှာဘာလက်နက်မှမရောက်သေးဘူး။ကျနော်တို့မှာခံယူချက်နဲ့ကျနော်တို့တိုက်တာ။ဘာဒီဒေးမှမရှိဘူး။”KNDF မှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင်ကရင်နီပြည်နယ်ဒီးမောဆိုမြို့နယ်တွင် စစ်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြားတင်မာလျက်ရှိနေပြီးဒေသခံအများအပြားလည်းစစ်ရှောင်နေကြရသည်။
#အကြမ်းဖက်စစ်တပ် #ကရင်နီ #KNDF #MPA #တိုက်ပွဲ