By MPA
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဗဟိုလမ်းမပေါ် ရှိ စစ်အုပ်စုနှင့်ပတ်သက်သည့် စီးကရက်စက်ရုံအနီးတွင် ယနေ့စက်တင်ဘာလ ၂၇ ရက် မနက်အစောပိုင်းက ဗုံး ၆ လုံးဆက် တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံကသိရသည်။
” ဒီမနက် ၅နာရီလောက်က ကွဲတာ။ ၆လုံး ၇လုံးလောက်ရှိတယ်။ မနက်အစောကြီးဆိုတော့ လူ သွားလူလာသိပ်မရှိတော့ ထိခိုက်တာတွေဘာတွေ သိပ်မရှိဘူး။” ဟု လှိုင်မြို့နယ် ဒေသခံတဦးက MPAသို့ပြောသည်။
လှိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် အင်းစိန်လမ်းမပေါ်ရှိ မီတာရုံးအနီး ဗုံးပေါက်ကွဲပြီးနောက် ၂ပတ်ကျော်အကြာတွင် ပြန် လည်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ၂၈ရက်နေ့ကလည်း လှိုင်၊ ဘာတာ မှတ်တိုင်အနီး စစ်တပ်ပိုင်ဒန်သတ္ထုစက် ရုံ ဗုံးခွဲခံခဲ့ရကြောင်း သိရသည်။
လှိုင်မြို့နယ်သည် ရန်ကုန်မြို့အတွင်း မြို့များတွင် စစ်ကောင်စီ၏ပစ်မှတ်ထားစစ်ဆေးမှုပြု လုပ်နေသည့်မြို့ဖြစ်ပြီး ဧည့်စာရင်းစစ်ဆေးမှု များဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
#လှိုင် #စီးကရက်စက်ရုံ #ဗဟိုလမ်း #ဗုံးပေါက်ကွဲ#MPA