ရန်ကုန်မြို့တွင် လုံခြုံရေးအထူးတင်းကျပ်နေသည့်ကြားက “ဦးအောင်ဆန်းရေ အာဏာရှင်တစ်စုကြောင့် လူထုမျက်ရည်ကျနေရပြီ” ဟူသောစာတန်း ချိတ်ဆွဲခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်၁၉ရက်) ကျရောက်သော အာဇာနည်နေ့တွင် “တိုင်းပြည်နှင့်ပြည်သူလူထုကို သာရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်သော တပ်မတော်တည်ထောင်သူ ဦးအောင်ဆန်းလို ဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့်” ယခုလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ် ကြောင်းသိရသည်။

