By Wadi / MPA
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ဖြစ်သည့် အမှတ်-၆၀၆ အမြောက်တပ်သည် တစ်ခြမ်းပါသွားသော်လည်း လက်ရှိတွင် ပြန်လည်ထိန်းထားနိုင်ပြီဆိုသော သတင်း အမှားများ ဇူလိုင် ၁၀ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Subscribers ၄၀,၀၀၀ ကျော်ရှိသည့် “အောင်စစ်သည်” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁နာရီကျော်တွင် “ ၆၀၆ တစ်ခြမ်းပါသွားတာ အခု ပြန်ထိန်းနိုင်ခဲ့ပြီ။လေးစားပါတယ် ဗျူဟာမှူး” ဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။ မွန်းလွဲ ၂နာရီ ၁၉ မိနစ်အချိန်တွင် “ ၆၀၆ ဒုံးတပ်ရင်း မကျသေးပါဘူး ရန်သူရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအောက်မှာဆိုက်ဝါး မပိကြပါနဲ့” ဆိုပြီး ထပ်မံရေးသားခဲ့သည်။
အဆိုပါသတင်းအမှားကို “ဘဲဥ” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဆက်လက်ဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှု များခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ –
https://archive.ph/jemUQ
https://archive.ph/9gnA8
https://archive.ph/ueFHo
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာအား Google၌ “ ၆၀၆ တပ်ရင်း” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်ရာ Mizzima, Myanmar Now နှင့် သျှမ်းသံတော်ဆင့် စသော သတင်းဌာနများ၌ သတင်း ရေးထားသည်။
မီဒီယာများတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ် စခန်းဖြစ်သည့် အမှတ် – ၆၀၆ အမြောက်တပ်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး ( MDY-PDF ) နှင့် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး ( DPLF ) တို့က ဇူလိုင် ၁၀ ရက် နံနက်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မြို့တွင်းဖောက် ထွင်းသူများနှင့် စစ်တပ်သတင်းပေးဆိုသူ အယောက် ၆၀ခန့် ဖမ်းမိထားကြောင်း၊ ပြီးခဲ့သည့် ဇွန် ၂၆ ရက် တွင် စတင်ခဲ့သော TNLA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း နောင်ချိုမြို့ရှိ ခမရ-၁၁၅ နှင့် ၁၁၄ တို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ ယခု နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်သည့် ၆၀၆ ကိုလည်း သိမ်းပိုက်နိုင်ပြီ ဖြစ်သဖြင့် မြို့ကို အပြည့်အဝထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း တညီတညွတ်တည်း ရေးသားထားသည်။
သတင်းအပြည့်အစုံ >>>
https://shorturl.at/L8Caf
https://shorturl.at/VtbMI
https://shorturl.at/P1bxl
သတင်းအချက်အလက်များအား အဆင့်ဆင့်အတည်ပြုစိစစ်ရေးသားနေသော သတင်းမီဒီယာများတွင် နောင်ချိုမြို့ရှိ အမှတ် ၆၀၆ အမြောက်တပ်ရင်းကို TNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က သိမ်းပိုက်နိုင်ခဲ့ပြီဟု ရေးသားထားသောကြောင့် တယ်လီဂရမ်၌ ပျံ့နှံ့နေသောအကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။